Ep-110

359 22 0
                                    


Unicode Version

နေမင်းက နွယ့်ကိုမျက်စပစ်ကာ ခေါ်ထုတ်သွားပြီး ဝိုင်နဲ့ မိုးထက်မြင့်ကို အတူရှိစေခဲ့သည်။

Wine: (သူ့အကြံကိုငါကမသိဘူးဆိုတော့လေ🙁။ ဒီနေမင်းကတော့ဟာ........ပေါက်ကရတွေလုပ်ပြီ။ ငါကဘာလို့ဒီမှာဆက်နေရမှာလဲ!)

ဝိုင်ထထွက်သွားဖို့ပြင်တော့ မိုးထက်မြင့်က ဝိုင့်လက်ကိုဆွဲကာ ပြန်ထိုင်စေသည်။ ဝိုင်လည်း တခြားလူတွေသတိထားမိသွားမည်စိုး၍ အသာလေးပြန်ထိုင်လိုက်သည်။

Wine: 'ဆွဲလားရမ်းလားနဲ့ ဘာလုပ်တာလဲ?'
MHM: 'ငါမဆွဲထားရင် မင်းထွက်သွားမှာပေါ့'
Wine: 'ကျွန်မဘာသာ ဘာလုပ်လုပ် ရှင်နဲ့ဘာဆိုင်လဲ?'
MHM: 'ဘာလို့မဆိုင်ရမှာလဲ? မင်းကငါ့မိန်းမလေ'
Wine: 'ဒီမှာ! ရှင်နဲ့ကျွန်မက စာချုပ်အရပဲ လင်မယားတွေနော်...'
MHM: 'ဘာပဲဖြစ်ဖြစ် မင်းကငါ့ရဲ့ တရားဝင်ဇနီးပဲ'
Wine: 'ကဲ! ဘာပြောမလို့လဲ? ပြောစရာရှိတာပြော! ပြီးရင် ကျွန်မလက်ကိုလွှတ်တော့'
MHM: 'ပြောစရာရှိတာတော့အမှန်ပဲ ၊ ဒီမှာတော့ပြောလို့မဖြစ်ဘူး။ တစ်နေရာရာသွားရအောင်'
Wine: 'ဘယ်နေရာကိုသွားဦးမလို့လဲ?'
MHM: 'လိုက်မှာသာလိုက်ခဲ့စမ်းပါ'

ဝိုင်လည်း မိုးထက်မြင့်ဆွဲခေါ်ရာသို့ မရုန်းနိုင်တော့ပဲ ပါသွားသည်။ ရေကူးကန်နားရောက်တော့ လူရှင်းနေသည်နှင့် မိုးထက်မြင့်လည်းရပ်လိုက်သည်။

Wine: 'လက်ကိုလွှတ်တော့! နာတယ်!'

ဝိုင့်စကားကြားမှ လက်ကိုလွှတ်ပြီး ဝိုင့်လက်ကိုကြည့်လိုက်မိတော့ လက်ငါးချောင်းရာအတိုင်း နီရဲနေသည်။

MHM: 'sorry ပါကွာ...မရည်ရွယ်ပါဘူး'
Wine: 'ရှင်မရည်ရွယ်ပဲလုပ်တာကို တစ်ဖက်လူဘယ်လိုခံစားရမလဲဆိုတာ ရှင်တွေးမိရဲ့လား? ရှင်အမြဲတမ်း မရည်ရွယ်ဘူးပဲပြောတယ်။ ရှင်မရည်ရွယ်ပဲလုပ်မိတာမို့ တစ်ဖက်လူက မနာကျင်ရတော့ဘူးတဲ့လား? ရှင်ကမရည်ရွယ်ပေမယ့် တကယ်လုပ်ခဲ့တာ...တစ်ဖက်လူကလည်း တကယ်ခံခဲ့ရတာမို့ တကယ်နာကျင်ရတယ် ရှင်သိရဲ့လား?'
MHM: 'ကိုတောင်းပန်ပါတယ်...ကိုတကယ်တောင်းပန်ပါတယ်'
(ပြောဖို့စဉ်းစားထားတာတွေကတော့ အများကြီးပေါ့ဝိုင်ရယ်....တကယ်တမ်းတော့ တောင်းပန်ပါတယ် ဆိုတာကလွဲရင် ဘာမှထပ်ထွက်မလာတော့ဘူး)
Wine: 'တောင်းပန်လိုက်တော့ အရာရာပြီးသွားရောလား? တောင်းပန်လိုက်ရုံနဲ့ အရာရာကြေအေးလိုက်လို့ရလား? ရှင်က တော်တော်အတ္တကြီးပါလား...ရှင်စော်ကားခဲ့တာ ကျွန်မတို့သားအဖနှစ်ယောက်လုံးအပြင် ကျွန်မနှလုံးသားပါအဆစ်ပါသေးတယ်။ အခုနောက်ဆုံးတော့ တောင်းပန်ပါတယ်ဆိုတဲ့တစ်ခွန်းပဲ ရှင့်ပါးစပ်ကထွက်လာတယ်'
MHM: 'ကိုမစော်ကားရပါဘူးကွာ...အစပိုင်းမှာ မင်းအဖေကို ကိုတကယ်ဒေါသထွက်ခဲ့မိတာပါ။ ဒါပေမယ့် နောက်ပိုင်း မင်းအပေါ်ပြုမူတာတွေအားလုံးက ကို့စိတ်က လိုလိုလားလားနဲ့ ပြုမူခဲ့တာတွေပါ။ တကယ်ပါ ဝိုင်ရယ်...ကို့ကိုယုံပေးပါ'
Wine: 'ကျွန်မနေရာမှာ ရှင်ဆိုရင်ရော ကျွန်မကိုယုံမှာတဲ့လား?'
MHM: (ဟင့်အင်း...ယုံနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်...)
'ကို နောက်တစ်ကြိမ်မင်းကိုနာကျင်အောင်ထပ်မလုပ်ဘူးဆိုတာအာမခံပါတယ်။ တကယ်ပါ'
Wine: 'တော်ပါတော့...ရှင်ပြောချင်တာဒါပဲဆိုရင် ကျွန်မသွားတော့မယ်'

PoisonWhere stories live. Discover now