Ep-59

466 27 0
                                    


Unicode Version

မိုးထက်မြင့် ရုံးခန်း၌ နေမင်းနှင့် မိုးထက်မြင့်တို့ စကားပြောနေကြသည်။

MHM: 'မင်းက ဝိုင့်အကြောင်းတော်တော်သိတာပဲနော်'

မိုးထက်မြင့်စကားကြောင့် နေမင်း မိုးထက်မြင့်မျက်နှာကိုကြည့်ပြီး သဝန်တိုနေမှန်းရိပ်မိသွားသည်။

Naymin: 'သိတာမဆန်းပါဘူး၊ ကျွန်တော်တို့က ဟိုး...မူကြိုတည်းက ခင်လာကြတာပဲလေ။ ကျွန်တော်အရိပ်တကြည့်ကြည့် ကြည့်လာခဲ့တဲ့ ကျွန်တော့်ရဲ့ ညီမလေးလိုပါပဲ။ အဲ့ဒါကြောင့် ကိုမိုးထက်မြင့် သဝန်တိုဖို့မလိုပါဘူး'
MHM: 'ငါဘယ်တုန်းက သဝန်တိုလို့လဲ? လုံးဝပဲ'

နေမင်းလည်း မိုးထက်မြင့်ကို အတတ်နိုင်ဆုံးရယ်ပြနေပေမယ့် ရင်ဘတ်ထဲက ခံစားချက်တို့က မျက်နှာပေါ်မှာ မဖုံးနိုင် မဖိနိုင်ဖြစ်နေတော့သည်။ မိုးထက်မြင့်ကတော့ နေမင်းရဲ့ခံစားချက်တို့ကို သိနေပြီးသားဖြစ်သော်လည်း နည်းနည်းတော့ သဝန်တိုမိနေသည်။

MHM: 'မင်းကို မေးချင်တာလေးရှိတယ်'
Naymin: 'ဟုတ်ကဲ့၊ မေးပါ'
MHM: 'မင်း ဒီလောက်ချစ်နေရဲ့သားနဲ့ ဘာလို့ ငါ့ဆီသွားခွင့်ပြုခဲ့ရတာလဲ?'
Naymin: 'ကျွန်တော်ပဲချစ်ပြီး၊ ကျွန်တော်ပဲ ဖမ်းဆုပ်ထားတော့ရော...ဝိုင်က ပျော်ရမယ်တဲ့လား? အဲ့လိုသာလုပ်ခဲ့မိရင် ကျွန်တော်ကလွဲလို့ အားလုံးဝမ်းနည်းရလိမ့်မယ်။ အခုလိုဆုံးဖြတ်လိုက်တော့...ကျွန်တော်တစ်ယောက်တည်း အဆင်မပြေဖြစ်ရတာ တန်ပါတယ်။ အနည်းဆုံးတော့ ဝိုင်ပျော်ရတယ်လေ'
MHM: 'ပျော်ရတယ်ဆိုပဲ။ ဒါနဲ့ ဝိုင်က မင်းကိုလုံးဝ မချစ်ပါဘူးလို့ ဘာလို့သေချာနေရတာလဲ? တစ်ချို့အချစ်တွေက ကိုယ့်ကိုယ်ကို မသိတာလည်းဖြစ်နိုင်တာပဲ'
Naymin: 'ကျွန်တော်သိတယ်၊ သူ့ရင်ဘတ်ထဲ ကျွန်တော့်အတွက် နေရာမရှိဘူး၊ သူ့အတွက် ကျွန်တော်က သူငယ်ချင်းထက် မပိုခဲ့သလို နောက်လည်း ပိုလာမှာမဟုတ်ဘူး'
MHM: 'သူ့ရင်ထဲ ဘာတွေဖြစ်နေလဲ မင်းသိလို့လား?'
Naymin: 'သိတာပေါ့၊ ဝိုင်က လျှို့ဝှက်မထားတတ်ဘူးဗျ၊ သူရိန်တုန်းကဆို.......အဲ! မပြောတော့ပါဘူး'
MHM: 'ပြောလို့ရပါတယ်၊ ဘာမှမဖြစ်ဘူး'
Naymin: 'မပြောတော့ပါဘူး၊ ပြီးခဲ့ပြီပဲ'
MHM: 'ငါသိချင်လို့ပါ'
Naymin: 'ကျွန်တော်တို့ တက္ကသိုလ် ဒုတိယနှစ်လောက်က၊ နေမင်းက ကျောင်းပြောင်းလာတဲ့ကျောင်းသားလေ။ရုပ်ကလေးချောတော့ ကောင်မလေးတွေ သဲသဲလှုပ်ပေါ့၊ ကောင်လေးတွေကတော့ သူ့ကို မနာလိုဖြစ်ကြတယ်ထင်ပါရဲ့ သိပ်စကားမပြောကြဘူး။ ဝိုင်နဲ့ ကျွန်တော်က အရင်စကားသွားပြောကြတာ'
MHM: 'သူ့ကိုသဲသဲလှုပ်တဲ့အထဲ ဝိုင်လည်းပါခဲ့တာပေါ့?'
Naymin: 'နိုးနိုး၊ လုံးဝပဲ။ ဝိုင်က သတိကိုမထားမိတာ။ ဝိုင့်ကို ကျောင်းမှာ ကောင်မလေးတွေက စကားမပြောကြဘူးလေ။ ကောင်လေးတွေကျတော့လည် ဝိုင်ကကြမ်းတော့ ကြောက်ကြတယ်။ အဲ့လိုကနေစပြီး ဝိုင်လည်း ကျွန်တော်ကလွဲလို့ ဘယ်သူ့ကိုမှမခင်တော့ဘူး၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း ၃ စက္ကန့်ထက်ကြာအောင် မကြည့်တော့ဘူး။ နေမင်းနဲ့ ခင်ပြီး ၅ လ လောက်နေတော့ ဝိုင်ကျွန်တော့်ကိုလာပြောတယ်။
{Wine: 'ဟဲ့! သူရိန်ကလေ ငါ့ကိုတွဲကြရအောင်တဲ့'}

PoisonDonde viven las historias. Descúbrelo ahora