Ep-125

356 18 1
                                    

Unicode Version

ရုံးမလာခင် ဝင်လာသော ဦးသတိုး​၏ ဖုန်းတစ်ကောလ်ကြောင့် ဝိုင့်ကမ္ဘာကြီးပြိုလဲသကဲ့သို့ခံစားနေရသည်။

Wine: (ဦးသတိုး: 'အပြစ်ရှိတဲ့သူကအပြစ်ခံယူပြီးနေနေရပြီ။ ညည်းဒီလိုတွေလာစုံစမ်းနေတည်းက ညည်းယောက်ျားက အဖြစ်မှန်ကိုသိရဲ့သားနဲ့ထုတ်မပြောဘူးပဲ! ဘယ်ပြောပါ့မလဲ! ပြောရင် ညည်းတို့နှစ်ယောက် ဒီလိုဆက်ချစ်နေနိုင်ပါ့မလား🤣')
Naymin: 'ဝိုင်! ဒီနေ့မျက်နှာမကောင်းပါလား! ဘာဖြစ်နေတာလဲ?'
Wine: (သိများသိသာနေတာလား😣)
'ဘာမှမဖြစ်ပါဘူး။ ဘာလို့လဲ?'
Naymin: 'မသိပါဘူး။ နင့်မျက်နှာက တော်တော်လေး ညှိုးနေလို့'
Wine: 'ဘာမှမဖြစ်ပါဘူး'
Naymin: 'ပြီးရော! နေ့လည်စာရော စားပြီးပြီလား?'
Wine: 'မစားရသေးဘူး'
Naymin: 'တစ်နာရီတောင်ထိုးနေပြီ! နေ့လည်စာမစားသေးဘူးလား?'
Wine: 'အာ...ဖြည်းဖြည်းပြောပါဟာ....! မစားချင်သေးလို့မစားတာ'
Naymin: 'ဒီကအစားအစာတွေမစားချင်ရင် တခြားဘာစားချင်တာရှိလဲ?'
Wine: 'ဘာမှမစားချင်ဘူးလို့'
Naymin: 'အေးအေး! ပြီးရော! စားချင်တာရှိရင် ချက်ချင်းလာပြော!'
(ဒီကောင်မလေးတော်တော်စိတ်တိုလွယ်နေပါလား! ဘာများဖြစ်လို့လဲမသိ🤔)
Wine: 'နေမင်း!အဲ! သူဌေး!'

ဝိုင့်ခေါ်သံကြားသောအခါ ကျောခိုင်းထားရာမှ ဝမ်းသာအားရပြန်လှည့်လာသည်။

Naymin: 'ဟေ! ဘာစားချင်လို့လဲ?'
Wine: 'ဒီအစားအသောက်ပဲပြောနေတော့မှာလား?'
Naymin: 'မဟုတ်ပါဘူး။ ပြောပြော! ဘာပြောမလို့လဲ?'
Wine: 'ငါနေ့တစ်ဝက်ခွင့်ယူချင်လို့ရမလား?'
Naymin: 'အင်း ရပါတယ်။ ဘယ်သွားမလို့လဲ? လိုက်ပို့မယ်လေ'
Wine: 'နင့်မှာအစည်းအဝေးရှိတယ်လေ!'
Naymin: 'အာ...အစည်းအဝေးက အရေးကြီးတာမှမဟုတ်တာ'
Wine: 'တော်ပါ! နင်နေခဲ့!'
Naymin: 'ဒါဆို နင်ဘယ်သွားမှာလဲဆိုတာပြောခဲ့'
Wine: 'ဦးသတိုးဆီ!'
Naymin: 'ဘာ! နင်ကဘာလို့အဲ့ကိုတစ်ယောက်တည်းသွားမှာလဲ? မဖြစ်ဘူး! ငါပါလိုက်မယ်'
Wine: 'ငါတစ်ယောက်တည်းသွားလိုက်ပါမယ်ဆို'
Naymin: 'မရဘူး! ငါ (သို့) ကိုမိုးထက်မြင့်မပါရင် မသွားရဘူး'
Wine: 'တားမရလည်း လိုက်ခဲ့ဟာ...'
------------------------------------------

Wine: 'မနက်ကရှင်ပြောတဲ့ "အပြစ်ရှိတဲ့သူကအပြစ်ခံယူပြီးနေနေရပြီ"ဆိုတာဘာကိုပြောတာလဲ? ပြီးတော့ ကိုမိုးထက်မြင့်လည်းသိထားတယ်ဆိုတာကရော? ဘာကိုပြောတာလဲ?'
ဦးသတိုး: 'နေပါဦး! ရောက်ရောက်ချင်း ဒါပဲတန်းမေးရလား? ကိုယ့်ဦးလေးကို သာကြောင်းမာကြောင်းလေးဘာလေးတောင်မမေးဘူး'
Wine: 'ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့နော်! ကျွန်မစိတ်ကသိပ်ရှည်တာမဟုတ်ဘူး'
ဦးသတိုး: 'စိတ်ရှည်ပါတယ်! စိတ်ရှည်လို့လည်း ငါ့ဆီတကူးတကလာမေးတာပေါ့။ ညည်းသာတကယ်စိတ်မရှည်ရင် ညည်းယောက်ျားကိုမေးပြီးလောက်ပြီ'
Wine: 'ပြောမှာဖြင့်သာပြောပါ'
ဦးသတိုး: 'ဒီအတိုင်းပြောရင် ယုံမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သက်သေတွေအားလုံးက ညည်းယောက်ျားဆီမှာ'
Wine: 'ဘာ! ရှင်ပြောသလိုဆို...ကိုမိုးထင်မြင့်ကလည်း ဒီကိစ္စကိုစုံစမ်းနေတယ်ပေါ့'
ဦးသတိုး: 'ဒါတင်ဘယ်ကမလဲ! ဒရိုက်ဘာဦးကြည်ကိုလည်း တိတ်တဆိတ် ရဲစခန်းမှာထိန်းသိမ်းထားသေးတာ။ ညည်းယောက်ျားကညည်းအပေါ်အရင်ကလိုမဆက်ဆံတော့ဘူးမဟုတ်လား? အဲ့ဒါညည်းကိုချစ်လို့မဟုတ်ဘူး။ တကယ်အပြစ်ရှိတဲ့သူက သူ့လူဆိုတာသိသွားလို့လေ။ ကျန်တာကို ညည်းယောက်ျားကိုပဲဆက်မေးကြည့်လိုက်ပါ'
Wine: (ဒီလူဘာကိုဆိုလိုချင်နေတာလဲ? ကိုမိုးထက်မြင့်ကိုပဲပြန်မေးမှဖြစ်တော့မယ်ထင်တယ်)
'ရှင်ပြောသလိုဟုတ်ရင် ဟုတ်ပေါ့! မဟုတ်လို့ကတော့ ကျွန်မအကြောင်းသိစေရမယ်!'

PoisonNơi câu chuyện tồn tại. Hãy khám phá bây giờ