Ep-132 (End)

2.6K 47 2
                                    

Unicode Version

လူရှင်းသောနေရာ၌ တိတ်တဆိတ်ထိုင်ကာ အတွေးလွန်နေသောဝိုင့်ကို မိုးထက်မြင့်အနောက်မှသိုင်းဖက်လိုက်သည်။

Wine: 'ဟင်! ရှင်ဘာလုပ်တာလဲ?'
MHM: 'ဪ! ဆောရီး! လူမှားသွားလို့!🙄'
Wine: (လူမှားတယ်? ငါ့ကိုများလူမှားသွားတယ်တဲ့! ဟိုတစ်ယောက်နဲ့မှားတယ်ပေါ့လေ! ဒီနေရာမှာငါသာမရှိရင် သူဟိုတစ်ယောက်ကို ဖက်မလို့ပေါ့!🙁)
'☺️အင်း! မမဆမ်မီက ပွဲထဲမှာရှိပါတယ်ရှင့်။ တွေ့ချင်ရင်ပွဲထဲသွားရှာ'
MHM: (အသက်မပါလိုက်တဲ့အပြုံးကွာ...ကြည့်ရဆိုးလိုက်တာ🙄)
'မင်းကရော ဒီမှာဘာလုပ်နေတာလဲ? မွေးနေ့ရှင်မဟုတ်ဘူးလား?'
Wine: 'လူတွေအရမ်းများတယ်! မွန်းကြပ်လို့! ပွဲသေးသေးလေးလုပ်ခိုင်းတာ နေမင်းဘာတွေလုပ်မှန်းမသိဘူး။ မလိုအပ်တဲ့လူတွေကိုပါဖိတ်ထားတယ်'

ဝိုင်ကမိမိကိုသဝန်တိုပြီး ခနဲ့နေမှန်းသိသဖြင့် သဘောကျနေသည်။

MHM: 'အင်းနော်! ပွဲကလူများလွန်းတယ်။ ကိုလည်းစိတ်ကျဉ်းကြပ်လာလို့ ဒီဘက်ထွက်လာတာ'
Wine: (အပိုတွေ! ဟိုတစ်ယောက်ကိုရှာနေတာ မသိတာကျလို့)
'ဪ! အင်း! ဒါဆိုရှင်နေခဲ့လေ! ကျွန်မသွားတော့မယ်'

ဝိုင်ထွက်သွားတော့မည်ပြင်တော့ မိုးထက်မြင့်က ထပ်မံ၍ဖက်ထားလိုက်သည်။

Wine: 'လုပ်ပြန်ပြီ! ရှင်လူမှားနေတယ်လို့ပြောနေတယ်လေ!'
MHM: 'မမှားပါဘူး။ မင်းကိုပဲဖက်တာ'
Wine: 'မျက်နှာများတဲ့ဘီလူးကောင်! ရှင့်မှာကောင်မလေးရှိတယ်လေ!'
MHM: 'ဟုတ်လား? ဘယ်မှာလဲ?'
Wine: 'ပွဲထဲမှာလေ!'
MHM: 'ဟုတ်လို့လား ကိုလည်းမသိရပါလား!🙄'
Wine: 'ရူးချင်ယောင်ဆောင်မနေနဲ့!🙁 စိတ်တိုလာပြီ'

ထိုအခါ မိုးထက်မြင့်လည်း ဝိုင့်လက်ကိုဆွဲ၍ ပွဲထဲမှလူများကိုမြင်သာသည့်နေရာသို့ခေါ်သွားပြီး ဆမ်မီနှင့် နေရောင်တို့ကြည်နူးနေပုံကိုပြလိုက်သည်။

Wine: 'ဟင်! ကိုနေရောင်နဲ့မမဆမ်မီ? ဒါဆိုရှင်ကရော?'
MHM: 'လွယ်ပါတယ်...ဒီမှာ မင်းနဲ့ကိုပဲရှိတာဆိုတော့.....'
Wine: 'အိပ်မက် မက်မနေနဲ့!🙁'
MHM: 'အင်း မနေ့ကပဲဆုံးဖြတ်ချက်ချလိုက်တာ! အိပ်မက်မမက်တော့ဘူး။ လက်တွေ့ပဲဆင်းတော့မယ်လို့!'
Wine: 'ဘာတွေပြောနေတာလဲ?'
MHM: 'ကိုကြားဖူးတာ ကွာရှင်းပြီးရင် သူစိမ်းတွေဖြစ်သွားပြီတဲ့! အဲ့လိုဆိုရင် အစကနေ ပြန်စလို့ရပြီပေါ့နော်?'
Wine: 'လုံးဝပဲ! ကွာရှင်းလိုက်ပြန်ပေါင်းလိုက်နဲ့ ရူးနေလို့လား? ကျောခိုင်းပြီးရင် လှည့်မကြည့်တာပဲကောင်းတယ်'
MHM: 'ဪ....တော်သေးတာပေါ့! ကိုလက်မှတ်မထိုးရသေးလို့'
Wine: 'ဘာ! ရှင်အခုထိ?!'
MHM: 'ကွာရှင်းလိုက်ပြန်ပေါင်းလိုက်ဆို ရှေ့နေတွေလည်းအလုပ်ရှုပ်ပါတယ်'
Wine: 'ဘယ်သူကရှင်နဲ့ပြန်ပေါင်းမယ်ပြောလို့လဲ?'
MHM: 'အင်း! ကိုကလည်းပြန်ပေါင်းဖို့မပြောပါဘူး။ ကွာတောင်မကွာရှင်းရသေးတာကို🙄'
Wine: 'အရူး!'

PoisonTempat cerita menjadi hidup. Temukan sekarang