Ep-122

351 23 1
                                    

Unicode Version

ရုံးခန်းထဲ၌ အလုပ်လုပ်နေသော မိုးထက်မြင့်ကို ထိုင်ကြည့်နေရသဖြင့် ကြာလာတော့ ဝိုင်လည်း ပျင်းရိလာသည်။

Wine: 'ကိုမိုးထက်မြင့်! ကျွန်မလည်း အလုပ်သွားချင်တယ်'
MHM: 'မရပါဘူး။ ဒီနေ့ ခွင့်ယူထားတယ်။ မနက်ဖြန်မှသွား'
Wine: 'ဘာလို့လဲ? ကျွန်မဒီမှာ ဒီအတိုင်းထိုင်နေရတာ ပျင်းလို့သေတော့မယ်'
MHM: 'ဒီနေ့တစ်ရက်ပဲခွင့်ပြုထားတာ။ အဝကြည့်'
Wine: 'နေ့တိုင်းမြင်နေရတာပဲဟာကို။ တစ်နေ့လုံး တစ်ညလုံးမြင်နေရတာကို။ ဒီလိုအချိန်ပေးပြီးကြည့်စရာမလိုပါဘူး'
MHM: 'လိုတယ်။ ဝေးနေတဲ့ရက်တွေအတွက်ပါ ပိုကြည့်'
Wine: 'ဘာလို့ အဲ့လောက်တောင်အကြည့်ခံချင်နေတာလဲ😑?'
MHM: (မင်းကိုကို့အနားမှာရှိနေစေချင်လို့ပေါ့! ဒါလေးတောင်မသိဘူး🙁)
'ဘာဖြစ်ဖြစ် ဒီမှာပဲနေပါ ဒီနေ့တော့'
Wine: 'ဒါဆိုလည်း တစ်ခုခုလိုက်ကျွေး။ ဗိုက်ဆာနေပြီ'
MHM: 'ခုဏကပဲ မုန့်တွေစားထားတာမဟုတ်ဘူးလား?'
Wine: 'မုန့်ကအရံသဘောမျိုးစားတာလေ။ အခုအတည်စားရမယ့်ဟာကို လိုက်ကျွေး'
MHM: 'ဘာစားချင်လို့လဲ?'
Wine: 'Pizza!'
MHM: 'ကောင်းပြီလေ၊ မှာလိုက်မယ်'
Wine: 'အာ...ဘာလို့မှာ မှာလဲ? သွားစားမှာပေါ့'
MHM: 'ဆိုင်က ကုမ္ပဏီနဲ့ အရမ်းဝေးလွန်းတယ်လေ'
Wine: 'အာ...မသိဘူးပဲ။ သွားစားမှာပဲ'
MHM: 'သွားစားချင်တာရော ဟုတ်ရဲ့လား? ဒီမှာမနေချင်တာမဟုတ်လား?🙁'
Wine: 'အဲ့လောက်တောင်သိသာနေလား?😁'
MHM: 'ဘာလဲ! မင်းက ကို့နားမှာမနေချင်ဘူးလား?'
Wine: 'အာ...မဟုတ်ပါဘူး။ ဒီလိုမျိုး ဘာမှမလုပ်ရပဲ တစ်နေရာထဲမှာ ထိုင်နေရတာ အဆင်မပြေလို့ပါ။ ရှင့်အနားမှာ မနေချင်ရင် ရှင်နဲ့အတူ သွားဖို့ခေါ်ပါ့မလား? နောနော်နော်! လိုက်ပို့ပါ..'
MHM: (ဘာလို့ ဒီလိုချစ်ဖို့ကောင်းအောင်နေနေရတာလဲကွာ...😑)
'လိုက်ပို့စေချင်ရင် အလကားတော့မရဘူးလေ'

မိုးထက်မြင့်က ပါးကိုလက်ညှိုးထိုးကာပြောတော့ ဝိုင်လည်း ရှက်ပြုံးပြုံးမိသွားသည်။

Wine: 'ရှင်တော်တော်နစ်နာနေဦးမယ်'
MHM: 'ဆိုင်အထိလည်း ဓာတ်ဆီအကုန်ခံပြီးပို့ရဦးမယ့်အပြင် စားချင်တာမှန်သမျှလည်းဝယ်ကျွေးရဦးမယ့်ဟာကို...တန်ပါတယ်'

PoisonWhere stories live. Discover now