Ep-30

613 27 0
                                    


Unicode Version

နွယ်လည်း မိုးထက်မြင့်အားဆူပြီးနောက် မီးဖိုချောင်သို့ထွက်လာခဲ့သည်။ ထို့နော​က်မိုးထက်မြင့်လာလျှင် အဆင်သင့်ချက်ပြုတ်ရန် အသီးအရွက်၊ အသားငါးတို့ကို ဆေးကြောနေသည်။ ထိုစဉ် ထမင်းစားခန်း၌ ကျန်နေသော နှစ်ယောက်​၏ ရန်ပွဲ စတင်လေသည်။
MHM: 'မင်းက မိန်းကလေးမဟုတ်ဘူးလား?'
Wine: 'ကျွန်မ မိန်းကလေးမဟုတ်ရင် ရှင်နဲ့ယူပါ့မလား? မိန်းမယူမှာပေါ့'
MHM: 'ဘယ်လိုမိန်းကလေးလဲ? မင်းဘဝမှာ တစ်ခါမှ ဟင်းမချက်ဖူးဘူးလား?'
Wine: 'မိန်းကလေးတိုင်း မီးဖိုချောင်ဝင် ချက်ပြုတ်ရမယ်လို့ ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ?'
MHM: 'မင်း စကားကို ကပ်ပြောမနေနဲ့'
Wine: 'ဘယ်မှာ ကပ်ပြောလို့လဲ? ခွာထားတာမှ ပဲခူးနဲ့ သန်လျှင်လောက်ရှိတယ်'
MHM: 'ငါ! မိုးထက်မြင့်က ဟိုးငယ်ငယ်တည်းကအခုထိ မီးဖိုချောင်ဆိုတာကို ခြေတောင်ချဖူးတာမဟုတ်ဘူး။ မိန်းမရမှ မီးဖိုချောင်ဝင်ရမယ်ပေါ့။ ရာဇဝင် ရိုင်းလိုက်တာကွာ။ ငါ့မမကို မင်းဘာတွေနဲ့ ညှို့ထားလဲ? ပြော!'
Wine: 'ပတ်ရမ်းမနေနဲ့။ ကျွန်မက ယူချင်လှပါပြီရဲ့ဆိုပြီး တောင်းဆိုထားသလိုလိုတွေလာပြောမနေနဲ့'
MHM: 'မယူချင်လို့လား?'
Wine: 'ယူချင်တယ်များထင်နေလား?'
MHM: 'မင်း!'
နှစ်ယောက်သား စကားများသံကိုကြားသဖြင့် နွယ် မီးဖိုခန်းမှ ခုတ်လက်စ ငါးကိုထားခဲ့ပြီး ဓားကိုင်လျှက်ထွက်လာသည်။
Nwe: 'ဆက်ရန်ဖြစ်နေမှာလား?'
နွယ့်ပုံစံက ဓားတစ်ချောင်းနှင့် ဒေါသတကြီးဖြစ်နေသည်။ စကားနားမထောင်လျှင် တကယ်ခုတ်မည့်ပုံ ဖြစ်သဖြင့် မိုးထက်မြင့်လည်း ခြေမကိုင်မိ လက်မကိုင်မိနှင့် ကြောက်လန့်ကာ...
MHM: 'ဟီး၊ မမ! ကျွန်တော်တို့ရန်မဖြစ်ပါဘူး။ အခုပဲ မမဆီသွားမလို့ကို သူက အစားကိုပြီးအောင်စားပါဦးဆိုပြီး အတင်းဆွဲထားလို့ ပြန်ပြောနေရတာ၊ မဆွဲထားနဲ့လို့၊ မမတစ်ယောက်တည်းပင်ပန်းနေမယ်လို့။ ဟုတ်တယ်မှတ်လား?'
မိုးထက်မြင့်က ဝိုင့်ဘက်ကိုမေးငေါ့၍ စစ်ကူခေါ်သည်။ ဝိုင်လည်း နွယ့်ပုံစံကို လန့်နေသဖြင့်
Wine: 'ဟုတ်၊ ဟုတ်တယ် မမ။ သူကတအားအလုပ်တွေလုပ်ချင်နေတာလေ။ ညီမလေးက အလုပ်မလုပ်ခင် ဗိုက်အရင်ဖြည့်ဖို့ပြောနေတာ။ သေသွားမှာ စိုးလို့လေ'
Nwe: 'ညီမလေးက စိတ်ပူပေးနေတာပဲ။ အေး၊ အဲ့လိုချစ်ချစ်ခင်ခင်ပဲနေကြပါ။ မမ နောက်မှာစောင့်နေမယ်၊ အေးဆေးစားပြီးမှလာခဲ့နော် မောင်လေး'
MHM: 'ဟုတ်! မမ😁'
နွယ်ပြန်ထွက်သွားပြီးနောက် ပါးစပ်ကအသံမထွက်ပဲ မျက်လုံးချင်းသာ ရန်ဖြစ်နေတော့သည်။
--------------------------------
အတွင်းရေးမှူး: 'ဆရာ...နောက်အပတ်အတွက် လေယာဉ်လက်မှတ်မှာထားပေးရမလား?'
Naymin: 'အင်း မှာပေးထား။ အထူးတန်းမရရင် ရိုးရိုးတန်းမှာလိုက်'
အတွင်းရေးမှူး: 'ဗျာ! ဆရာ ရိုးရိုးတန်းစီးမလို့လား?'
Naymin: 'ရိုးရိုးတန်းမကလို့ ဘီးပဲဖက်လိုက်ရမယ်ဆိုလည်းရတယ်။ အဓိက က နောက်တစ်ပတ် မြန်မာပြည်ပြန်ရောက်ဖို့ပဲ'
အတွင်းရေးမှူး: 'ဘီးဖက်လိုက်တာက လက်မှတ်လိုလို့လားဆရာ?'
Naymin: 'Mark! မင်းကတော့လေ ၊ ဘယ်သူနဲ့ပေါင်းတာများလို့လဲမသိဘူး ဒူချက်က'
အတွင်းရေးမှူး: 'ဆရာနဲ့ပါ'
Naymin: 'ဘာ!'
အတွင်းရေးမှူး: 'ဪ! ဆရာနဲ့ ကျွန်တော်ရောလိုက်ခဲ့ဖို့လိုသေးလားလို့ မေးတာပါ'
Naymin: 'ဒီတစ်ခေါက်တော့ မင်းပါလိုက်ရမယ်။ ရုံးချုပ်မှာ အလုပ်တွေပုံနေပြီ'
အတွင်းရေးမှူး: 'ဟုတ်ကဲ့ဆရာ။ ဒါဆို ကျွန်တော့်ကောင်မလေးကို လမ်းခွဲရတော့မှာပေါ့'
Naymin: 'မာရီယာနဲ့ ပြန်တွဲနေတာလား? ဟိုတစ်ခေါက်က လမ်းခွဲလိုက်ပြီဆို?'
အတွင်းရေးမှူး: 'အခုကရိုစီ။ မာရီယာနဲ့က ဆွစ်ဇာလန်သွားတဲ့နေ့မှာတည်းကလမ်းခွဲလိုက်ပြီ'
Naymin: 'မင်းကတော့လေ! တကယ့်ကောင်ပဲ။ ဝဋ်လည်တော့မှနော်၊ အဖေကယ်ပါ အမေကယ်ပါ လုပ်မရဘူး'
အတွင်းရေးမှူး: 'ဘာမှမဖြစ်ပါဘူး၊ အေးဆေး'
Naymin: 'မင်းအေးဆေးရင်ပြီးတာပါပဲ'
အတွင်းရေးမှူး: 'ဟုတ်။ စိတ်မပူပါနဲ့'
Naymin: 'မပူပါဘူး။ မင်းကိုပူဖို့လည်းမအားဘူး'
အတွင်းရေးမှူး: 'ဟုတ်'

PoisonWhere stories live. Discover now