Ep2

2K 49 0
                                    

Unicode version

'ဟယ်လို...မိဝိုင် ညည်းပုဂံသွားတာ ဘာလို့ ဖေဖေ့ကိုပြောမသွားတာလဲ? အဆင်ရောပြေရဲ့လား? ဘယ်သူနဲ့လဲ? နေမင်းရော ပါသွားရဲ့လား?'
'အာ...သမီးကိုပြောခွင့်ပေးပါဦး ဖေဖေရဲ့'
'ဪ အေး ပြော'
'နေမင်းပါ ပါတယ် ၊ သမီးတို့လည်း ဗိုက်ဆာလို့ မုန့်ထွက်စားရင်းက ပုဂံရောက်လာတာ'
'ဟေ...ဗိုက်ဆာလို့မုန့်ထွက်စားတာ ဘယ်လိုလို့ ပုဂံရောက်သွားရတာလဲ?'
'ပုဂံက ကောက်ညှင်းပေါင်းက စားကောင်းတယ်လေ ဖေဖေရဲ့ ဟီး😁'
'တော်တော် ဉာဏ်နီဉာဏ်နက်များတယ်နော် ညည်း ပြန်လာမှတွေ့မယ်'
'အာ...ဖေဖေကလည်း သမီးလေးတစ်ယောက်တည်းရှိတာကို ဒီလောက်အပြစ်သေးသေးလေးအတွက် ဗွေမယူသင့်ပါဘူးလေ'
'ညည်းတော်တော်တတ်😏ညည်းပဲအဖေလုပ်တော့ ငါရာထူးကဆင်းပေးမယ်'
'အဲ...ရပါတယ် အားနာစရာကြီး ဖေဖေက ဖေဖေပဲလုပ်ပါ ဖေဖေရဲ့'
'ပြီးရော ပြီးရော ပြန်လာမှတွေ့မယ်'
'ဟုတ် ဖေဖေ Goodnight Mwchhh😘'

(သမီးတစ်ကောင် နွားတစ်ထောင်ဆိုတာ ရှေးလူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးပဲ။ သမီးလေးတစ်ယောက်တည်းရှိပြီး မိတဆိုးလေးမို့ အလိုလိုက်ထားတာ ဆိုးချင်တိုင်းကိုဆိုးနေတော့တာပဲ။ အပြစ်ကလည်းဆိုမရပြန်ဘူး ငယ်ငယ်တည်းက ကျန်းမာရေးကလည်း ချူချာသေး ၊ ဖအေကိုလည်း ချစ်တာမှတုန်လို့ မျက်စိအောက်က အပျောက်မခံဘူး ၊ အသက် ၂၀ ကျော်မှသာ သူ့ဟာသူလွတ်လပ်ချင်လာလို့ ငါလည်း လွတ်တာ ။ ဒါပေမယ့်လည်း ဒီအတိုင်းသာဆို ငါမရှိရင် ဒီကလေး မတွေးရဲစရာပဲ။)

'မီး မီး မီးဗျို့ မီး'
'ဟေ့ ဘာဖြစ်တာလဲ'
'သူ သူဌေး ဂိုဒေါင်မီးလောင်နေတယ်'
'ဟာ...မဖြစ်ဘူး မီးသတ်ကားခေါ်ထားလား?'
'ဟုတ် ခေါ် ခေါ်ထားပါတယ် ဒါပေမယ့်...'
'ဘာဖြစ်လို့လဲ ပြောလေ'
'ဟို ဟိုလေ'
'ပြောပါ'
'အထည်ချုပ်စက်ရုံက သူဌေး...သူ...'
'မိုးဟိန်း ဘာဖြစ်လို့လဲ?'
'သူ ဂိုဒေါင်ထဲမှာပဲရှိသေးတယ် သူဌေး'
'ဘာ....ဒီလိုနေလို့မဖြစ်ဘူး ငါ ငါ့သူငယ်ချင်းကိုသွားခေါ်မယ်'
'သူဌေးမဖြစ်ဘူး အန္တရာယ်များတယ်'
'လူတစ်ယောက်လုံး အန္တရာယ်ထဲရောက်နေတာ သိရက်နဲ့ ဒီအတိုင်းကြည့်မနေနိုင်ဘူး ။ ပြီးတော့ အဲ့ဒါ ငါ့သူငယ်ချင်း ၊ ငါမရ ရအောင် ကယ်မယ်'
'သူဌေး....သူဌေး...'

PoisonWhere stories live. Discover now