EP114(U+Z)

2.8K 341 11
                                    

......

Uni

EP114ဘဝကြီးက သာယာလွန်းတယ် (U)

လဆန်းနှစ်သစ်ရဲ့ ပထမဆုံးနေ့ ,
ဖန်းရင် နိုးလာတဲ့အခါ ရှရယ်နဲ့ အမြွှာလေးတွေက အိပ်ပျော်နေဆဲပင်ရှိနေတယ်။
သူမက အဝတ်အစားများလဲလှယ်ပြီး
အိပ်ခန်းထဲမှ ထွက်လာခဲ့လိုက်တဲ့အချိန်
ယန်ရိုမင်တစ်ယောက်တည်းကိုသာတွေ့ရတယ်။ထိုသူက အနက်ရောင်လက်တို စွပ်ကျယ်သား အကျီလေးတထည်နဲ့ ဘောင်းဘီရှည် အား ဝတ်ဆင်ထားလျက်
ဧည့်ခန်းကြမ်းပြင်၌ ခြေထောက်များ ချိတ်လျက် ထိုင်နေရင်းခေါင်းအား စောင်းလျက် သူ့ရှေ့ရှိ ဖန်ခွက်ထဲသို့ ရေဖြည့်လျက်ရှိနေတယ်။

ဆံပင်နဲ့ အဝတ်အစားများကချွေးများပင် စိုနေလျက် သူ့ပုံစံက ယခုမှပင် လုပ်စရာရှိတဲ့ အလုပ်များအား ပြီးစီးသွားပုံရနေခဲ့တယ်။

ဖန်းရင်က သူ့ရဲ့ ချစ်ခင်နှစ်သက်ဖွယ်ကောင်းပြီး အားကိုးဖွယ်ကောင်းတဲ့ လက်ရုံးကြွက်သားများအား ကြည့်လိုက်ပြီး
သူ့အား နှုတ်ဆက်လိုက်တယ်။

ယန်ရိုမင်က မတ်တပ်ရပ်လာပြီး သူ့အား ပြုံးပြလျက် ပြန်ပြောလာခဲ့တယ်။

!အစောကြီးနိုးနေတာလား ?!

ဖန်းရင်က ပြောလိုက်တယ်။

!ကျမ ကဒီတိုင်းပုံမှန်ထနေကြ...
အိမ်မှာလဲ မနက်အစောကြီးထနေကြဘဲ ...
ဘာမှ လုပ်စရာ ကိစ္စမရှိရင်တောင်
ပြန်အိပ်လို့မရတော့ဘူး ...
မင်ကောက ဒီနေ့ စောစော ထတာလား ?!

ယန်ရိုမင်က ခေါင်းညိတ်ပြတယ်။

!ကိုယ်က မနက် အာရုံတက်ဆို ထတယ် ...
မနက်တိုင်း လေ့ကျင့်ခန်း လုပ်တယ်
ပြီးတော့ ရှင်းချန် အိပ်ရေး ဝဝ အိပ်ပြီး
အိပ်ရာထလာရင်သူ့ အတွက်
မနက်စာလုပ်ပေးတယ် !

ဖန်းရင်က ပြုံးနေရင်း

!ရှင်းချန် ရဲ့ ဘဝလေးက သာယာလိုက်တာ !

ယန်ရိုမင်ရဲ့ ပါးပြင်မှာ ချွေးများရွှဲနစ်နေလျက်ရှိနေတယ်။ချွေးများဖြင့် ရွဲနေတဲ့ ဆံပင်အား သပ်တင်လိုက်ပြီး ယန်ရိုမင်က
ဖန်းရင်အားပြောလိုက်တယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Место, где живут истории. Откройте их для себя