EP118(U+Z)

2.9K 325 4
                                    

.....

Uni

EP118 ကိုယ်ကမင်းကိုဖွက်ထားချင်တာ(U)

ညနေခင်းတွင် ယန်ရိုမင် ရေချိုးခန်းထဲမှ
လတ်ဆတ်သင်းပျံ့ စွာဖြင့် ရေချိုးပြီီးထွက်လာချိိန် ရှရှင်းချန် သူ၏ဘေးတွင် လှဲ နေရင်း ဇာတ်ညွှန်းများကို ဖတ်နေလိုက်တယ်။

သူ့ဇာတ်ညွှန်းများအား အိပ်ရာပေါ် တွင် ဖြန့် ထားတယ်။လက်တစ်ဖြင့် ခေါင်းကို အောက်မှ ထောက်ကန်ပေးထားလျက် တခြားလက်တစ်ဖက်က ဇာတ်ညွှန်း စာရွက်များအား လှန်လှော လျက်ကြည့်နေတယ်။

ယန်ရိုမင်ကရောက်လာပြီး သူ့ဘေးမှာ ဝင်လှဲတယ်။သူ မျက်လုံးတွေဘဲ လှန်ကာ ယန်ရိုမင့်အား ကြည့်လိုက်တဲ့အချိန် သူ့မျက်နှာအား ယန်ရိုမင်က မျက်ဝန်းများကပါ ပြုံးလျက် သေသေချာချာကြီးကို အကြည့်မလွှဲလျက်
ရှိနေတယ်။

!အစိုးရရှေ့နေကြီး !

ယန်ရိုမင်က ရှင်းချန် ခေါင်းအောက်ဖက်မှ ခေါင်းအုံးအား ဆွဲယူပြီး လက်များဖြင့်
ပွေ့ထားလျက် အိပ်ရာပေါ်တွင် လှဲချလိုက်တယ်။ ဆွန်းယောင်ရဲ့ အသံနေအသံထားဖြင့်
အသံအား တမင်ပင် နိမ့်ချထားလျက် ပြောလာတယ်။

!ကျွန်တော် ဒီလို လုပ်ဖို့ တကယ်ရည်ရွယ်ချက်မရှိပါဘူး !

ရှရှင်းချန် ထထိုင်လိုက်ပြီး သူ့ လက်များအား
ရင်ဘတ်ရှေ့၌ ခေါက်ထားလျက် စစ်ကြောရေး ပုံစံ အသံအား တုပလျက် သူက မေးခွန်းထုတ်လိုက်တယ် ။

!မင်းက ခုချိန်ထိတိုင်တောင်
ငြင်းချင်နေသေးတာလား ?!

ယန်ရိုမင် ရဲ့ စကားအသုံးအနှုန်းက မပြောင်းလဲခဲ့။သို့သော် အနည်းငယ် တုန်ခါနေလျက် သြရှရှ ဖြင့် အနည်းငယ်တောင်
မာန်ပါလျက်ရှိနေတယ်။သူက လက်ကို ဆန့်ထုတ်လာလျက်ရှင်းချန်ရဲ့ ခြေထောက်ပေါ်သို့ တင်လိုက်ပြီး ဖွဖွလေးပင် ရှင်းချန်ရဲ့ ပါးလျတဲ့ ညဝတ်ဘောင်းဘီ လေး အပေါ်မှ ပွတ်သပ်လိုက်တယ်။

!ကလေးက ယူနီဖောင်းနဲ့ အရမ်း ကြည့်ကောင်းတယ် ...ကိုယ်တောင် မကြည့်မိအောင် ချုပ်ထိန်းလို့ မရဘူး !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now