EP125(U+Z)

2.6K 330 4
                                    

...

Uni
EP125 Onlineပေါ်မှ ဓာတ်ပုံများ (U)

ဟယ်ကျန်းသူ့အားအလွန်နှစ်သက်သည်ဖြစ်စေ၊မနှစ်သက်သည်ဖြစ်စေရှရှင်းချန်၎င်းအားအလုံးစုံသဘောမပေါက်နိုင်ဘူးသာဖြစ်နေခဲ့သည်။သူတို့ပြန်လာပြီးနောက်ရိုက်ကူးရေးပြန်လည်စတင်တဲ့အခါဟယ်ကျန်းကရှရှင်းချန်ရဲ့ရိုက်ကူးမှုနှင့်စပ်လျဥ်း၍သူ့ရဲ့ယခင်ရိုက်ကူးထားခဲ့တဲ့အခန်းများကိုပြောင်းလဲသင့်သည်များအားအကုန်ပင်ပြောင်းလဲလိုက်ပြီး
အခြေအနေအားပြန်လည်သုံးသပ်ကာတစ်ခန်းပြီးတစ်ခန်းအားဖြေးဖြေးချင်းစီပင်လိုအပ်သည်များအားပြန်လည်မွမ်းမံလိုက်သည်။ထိုသို့ပြုလုပ်ခြင်းကရှရှင်းချန်အား
ကန့်သတ်ချုပ်ခြယ်နေသလိုပင်ခံစားနေရပြီး
သူ့ရဲ့စိတ်ခံစားမှုကပို၍ပင်တင်းမာလာခဲ့ရသည်။

သို့သော်ထိုသို့သောစိုးရိမ်ကြောင့်ကြမှုကဟန်ပေါ်ဟန့်ရဲ့လက်ရှိစိတ်အနေအထားအားများစွာကိုက်ညီလာခဲ့သည်။သူ့အဖေဟန်ကျန့်ကို
ကြီးကြပ်ရေးကော်မတီကထိန်းသိမ်းထားခဲ့ပြီးမည်သည့်အချိန်တွင်လွတ်မြောက်မည်ကိုလည်းမသိရှိရသေးဘဲရှိနေသည်။သူ့အမေက
နီးစပ်ရာအဆက်အသွယ်များရယူပြီးငွေအင်အားသုံးကာသူ့အဖေကို အရင်ထုတ်ချင်သည်။ဟန်ပေါ်ဟန့်သူ့အမေဆီပြန်သွားတဲ့အခါသူ့အမေရဲ့စိုးရိမ်ကြောင့်ကြမှုနဲ့အတူ ငြီးငြူသံများဖြင့်ဟန်ပေါ်ဟန့်ရဲ့သူငယ်ချင်းများကမိဘနောက်ခံဖြင့်အကုန်အဆင်ပြေနေကြပြီးဟန်ပေါ်ဟန်ကသာစာအုပ်ကြီးအတိုင်းလုပ်နေပါကမည်သူမှသူ့နောက်တွင်ကျောထောက်နောက်ခံမရှိနိုင်တော့ဘူးဟုဒေါသတကြီးဖြင့်ပြောဆိုလာခဲ့သည်။သူ့အဖေအတွက်ဒီအသိုင်းအဝိုင်းအတွင်းတစ်ယောက်ယောက်ကိုအကူအညီတောင်းဖို့ရာမလုပ်ပေးနိုင်ဘူးလားဟုမကျေမနပ်ဖြင့်ပြောဆိုနေခဲ့သည်။

ဟန်ပေါ်ဟန့်သူဘယ်လိုတောင်ပြောရတော့မှန်းကိုမသိတော့ဘူးသာဖြစ်နေသည်။
တကယ်တွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံးရှိလုပ်ဖော်ကိုင်ဘက်များထဲမှ သတင်းများမေးမြန်းစုံစမ်းခြင်းအပါအဝင်
သူလုပ်နိုင်သမျှအရာအားလုံးကိုအကုန်လုံးလုပ်ပြီးပြီပင်ဖြစ်သည်။သို့သော်ရလာဒ်ရဲ့အလားအလာကအနည်းဆုံးအနေအထားမှာရှိနေသည်။ယခုအချိန်၌ဟန်ကျန့်ကသူ့ရဲ့ရာထူးကိုဆက်ပြီးထမ်းဆောင်နိုင်မည်လားဆိူသည်ကအသေးအဖွဲကိစ္စသာဖြစ်နေခဲ့သည်။သူသည် တရားစွဲဆိုခံရခြင်းနဲ့ ထောင်ချခြင်းခံရနိုင်သည်။ထိုအချိန်ရောက်လာခဲ့မယ်ဆိုရင်တောင်ဟန်ပေါ်ဟန် အလုပ်သည်ပင််စိတ်မချရဘူးဖြစ်နေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now