EP60(U+Z)

3.5K 422 0
                                    

..

Uni
Ep 60 မင်ကောရဲ့ ကူညီမှု (U)

ရှရှင်းချန် ဇာတ်ညွှန်း တစ်ခုလုံး ကို တစ်ညလုံး ညလုံးပေါက် ဖတ်နေခဲ့ပြီး ချွမ်းချန်ကျင်း
စရိုက်နှင့် အမူအကျင့် ပတ်သက်၍ သူ စဥ်းစားနိုင်သမျှ အရာအားလုံး ကို ဂရုတစိုက် မှတ်သားထားခဲ့သည်။သူ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲအတွက်တုန်းကတောင် ဤမျှလောက်ပင် မကြိုးစားခဲ့ပါ။

သူယခင် ကောက်ကာငင်ကာ သရုပ်ဆောင်ပြခဲ့ရသော လက်တန်းသရုပ်ဆောင်မှုမျိုးမဟုတ်ဘဲ ဤတစ်ကြိမ်တွင်မူ သူ၏ဇာတ်ကောင်အနေအထား နှင့်
ချွမ်းချန်ကျင်းရဲ့ အကျင့်စရိုက် ၊သူ့အဖေ၊
သူ့မိထွေးနဲ့ သူ့ညီမ တွေအပေါ် ထားရှိသော
သူ့သဘောထား၊သူ့ချစ်သူကောင်မလေးနှင့် ဆက်ဆံမှု သဘောထားနှင့် သူမ သေဆုံး သွားသည့်အခြေအနေနှင့် ပတ်သက်ပြီး
သူ လုံးဝပင် အပြည့်အဝနားလည်ခဲ့ ရသည်။

သူ့ရဲ့ ဒုတိယအကြိမ် auditionမစမီ
ရှရှင်းချန် က ဇာတ်လမ်း နှင့်အတူ
ချွမ်းချန်ကျင်းရဲ့ ကာရိုက်တာ အား
သူ့ခေါင်းထဲ၌ ပြန်၍ တည်ဆောက်လိုက်သည်။တင်းဝမ်ရွှမ်းရှေ့ ပြန်လည် အစမ်းသရုပ်ဆောင်သည့်နေ့ ထိတိုင်အောင်
သူ့ကိုယ်သူပင် ဇာတ်ကောင်စရိုက်ထဲတွင် နှစ်မြုပ်ထားလိုက်သည်။

ရှရှင်းချန် ၏စိတ်ကူးထဲ၌ ထိုအချိန်က ပတ်ဝန်းကျင်က တိတ်ဆိတ်ကာမှောင်မိုက်နေသည်။သူ ရုတ်တရက် ဧည့်ခန်းထဲရှိ ကြမ်းပြင်ပေါ်၌ လဲကျနေသော တွေ့လိုက်ရပြီး ထိုသူက မည်သူမှန်း ချက်ခြင်းပင် အတည်မပြုနိုင်သေးလျက်ရှိနေသည်။
ထို့နောက် သူပတ်ဝန်းကျင်အား
တချက်ကြည့်ကာ ဖြေးညှင်းစွာ လျှောက်သွားပြီး ကြည့်လိုက်သည်။

တဖြေးဖြေး နီးကပ်သည်ထက် နီးကပ်လာပြီးနောက် ကြမ်းပြင်ပေါ် လဲကျနေသောသူမှာ
သူ့ ချစ်သူ ကောင်မလေး ဖြစ်ကြောင်း သေချာ သွားခဲ့သည်။သူချက်ခြင်းဒူးထောက်လိုက်ပြီး သူ့မအား သူ့လက်မောင်းများဖြင့် ပွေ့ဖက်ကာ သူမရဲ့ ခန္ဓာကိုယ်အား လှုတ်ခါလိုက်ရင်း သူ့မ အမည်အား အသံတိုးတိုးဖြင့် ခေါ်နေခဲ့သည်။

မည်သည့်တုံ့ပြန်မှုမှမရှိခဲ့။

ဖြေးညှင်းစွာ ရှရှင်းချန် အနည်းငယ်တုန်ယင်နေသော သူ့လက်များဖြင့် သူမရဲ့ အသက်ရှု မှုကို စစ်ဆေးလိုက်သည်။သူမ အသက်မရှိတော့ သည်ကို သိလိုက်ရသည်နှင့်တပြိုက်နက် သူ့ အသားအရည်များက ဖြူဖပ်ဖြူလျော် ဖြစ်လာပြီး သူ့နဖူးများက ချွေးစေးများပင်ထွက်လာခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now