EP2(Z)

3.8K 152 1
                                    

..ယန်ရိုမင် သည်အသက် 37နှစ်ရှိပြီ ဖြစ်သည်။
ရှရှင်းချန်နှင့် နှိုင်းယှဉ်ပါက
ယန်ရိုမင်သည် အနုပညာအသိုင်းအဝိုင်း
နှင့်ငယ်စဉ်ထဲက ရင်းနှီးခဲ့သူဖြစ်ပြီး
သူ၏ချောမောလှပသောရုပ်ရည်အပြင်
အနုပညာအရည်အသွေး ပင်ကိုယ်စွမ်းရည်
တို့နှင့်အတူ သရုပ်ဆောင် ပညာကလည်း
ထူးချွန်လှသူ ဖြစ်လေသည်။ရှရှင်းချန်သည်
တခါက ယန်ရိုမင်၏အင်တာဗျူးတစ်ခုကို
မဂ္ဂဇင်းတစ်ခုတွင်ဖတ်ဖူးသည်။သူ့ကိုပင်
အနုပညာအတွက် မွေးဖွားလာသူလို့ပင်
ဆိုကြသည်။ယန်ရိုမင်သည် ကင်မရာရှေ့တွင်ယ တောင်မှ မျက်မှောင်ကြုတ်လျက်
ရှိနေခဲ့သော်လည်း သူ့ပုံစံမှာတက်တက်ကြွကြွပင်ရှိလျက် အရာရာကို လေးနက်သူဟုတော့
သူကောက်ချက်ချလိုက်မိလေသည်။
ထို့အပြင် ယန်ရိုမင်သည် ရှရှင်းချန်၏
အကြိုက်ဆုံး idol လဲ ဖြစ်သည်။

ရှရှင်းချန် အေးဂျင့်နှင့် စjoin သည့်နှစ်က
ယန် ရိုမင်သည် ဒါရိုက္တာ ဟယ်ကျန်း၏
ရုပ်ရှင်နှစ်ကားဖြင့် ထိုနှစ်ရဲ့ movie.King
အဖြစ် ဆုရရှိခဲ့သည်။အဲဒီအချိန်က
ရှရှင်းချန်က ဆုပေးပွဲသို့ တက်ရချိန်လဲ
ဖြစ်သည်။နောက်တန်းအလင်းရောင်မှိန်သော
နေရာတွင်သူထိုင်ခဲ့ရစဉ် ဆုချီးမြင့်ပေးမည့်
သရုပ်ဆောင်စာရင်းတွင်
ယန်ရိုမင် နာမည်ကို သူကြားလိုက်ရပြီး
ယန်ရိုမင်သည် တောက်ပနေလျက်
ဆုယူရန်စင်မြင့်ဆီသို့ လျှောက်သွား
သည်ကို သူလှမ်းတွေ့လိုက်ရသည်။
ထိုအချိန်က ယန်ယိုမင်သည်
31နှစ်သာရှိသေးချိန် ဖြစ်သော်လည်း
ကျော်ကြားမှုကတော့ တဟုန်ထိုးပင်ဖြစ်နေခဲ့သည်။
အနက်ရောင် ဝတ်စုံအောက်တွင်
ခန္ဓာကိုယ်မှာမူ ချပ်ရပ် ကျော့ရှင်းကာ
အရပ်ရှည်သူဖြစ်ခြင်းကြောင့် ထင်လင်းနေလျက်
ဆုယူပြီးနောက် နှစ်လိုဖွယ်ကောင်းသော
အသံဖြင့် ကျေးဇူးတင်စကားပြောလျက်
ပရိသတ်အား တလေးတစားပင်
ဦးညွှတ်ပြခဲ့သည်။
အခု အချိန် ရှရှင်းချန်သည်
ယန်ရိုမင်လိုပင်ကျော်ကြားချင်မိသည်။
သူသည် သည်ခေတ်ရဲ့
ယန်ရိုမင်ဖြစ်ချင်မိသည်။
အသက် 30 အေစာဆုံး သို့မဟုတ်
35နှစ်လောက်ဆို သူသည် လည်း
ယန်ရိုမင်လိုပင် စင်ပေါ်၌ ဆုမ်ားစြာ
ပင်သူယူနိုင်လိမ့်မည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now