EP24(U+Z)

3.1K 476 12
                                    

uni

.

ဒီအပိုင်းကနေစပြီး အခန်းနာမည်လေးတွေ
ထည့်သွားပေးမယ်နော် ရှေ့ခန်းလေးတွေလဲ
ဖြေးဖြေးချင်းပြန်ထည့်ပေးမယ် နော် 😘
.........................................................................
Ep 24 ယွီဟိုင်ရန်ကို လွမ်းဆွတ်မိခြင်း (Z)

ဟယ်ကျန်းသည် နဖူးများအား တွန့်ထားနေလျက်
စိတ်ရှုပ်နေဟန်ရှိနေခဲ့သည်။သူ့ဘေးတွင်
ရေခဲအနည်းငယ်အားထည့်ထုပ်ထားသော
wet tissueဖြင့် နီရဲလျက်ခရမ်းရောင်အနည်းငယ်
ထနေသော သူ့ပါးနှင့် မေးရိုးအား လက်တဖက်ဖြင့်
ထိကပ်ထောက်ကန်ထားလျက် ရှိသောသူသည်
ဟယ်ကျန်းဘေးတွင်ရပ်နေပြီးရိုက်ကူးထားမှုအား
ပြန်ကြည့်၍ဒေါသအနည်းငယ်လဲထွက်နေပုံ
ရနေခဲ့လေသည်။

(ဘေဘီရှ လက်ဆကပြင်းသွားပုံရတယ် 😂)

ယန်ရိုမင်သည် ဟယ်ကျန်းနားကပ်ကာ
မေးလိုက်သည်။

!အဲ့အခန်းကို ပြန်ရိုက်ချင်လို့လား!

ဟယ်ကျန်း ဘေးသို့လှည့်ကြည့်ချိန်
မျက်နှာပေါ်တွင် ရေခဲဝတ်ကပ်လျက် မသက်မသာပုံဖြင့် သူ့အားမေးလာသော ယန်ရိုမင်ပုံအား ကြည့်ကာလုံးဝပင် စိတ်မထိန်းနိုင်တော့ဘဲ ထရယ်လိုက်မိသည်။

သူနှင့် ရိုက်လာသည့်ကားပေါင်းများစွာတွင်
ယန်ရိုမင် ခုလို ဖြစ်သည်မှာ ပထမဆုံးမို့
ယန်ရိုမင်ပုံအားကြည့်ကာ သူလုံးဝပင်
စိတ်မထိန်းနိုင် ဘဲ ရယ်လိုက်မိခြင်းဖြစ်လေသည်။
ယန်ရိုမင်အား ထိခိုက်အောင်လုပ်နိုင်သူက
ယခုလက်ရှိတွင် ရှရှင်းချန်တစ်ယောက်ထဲသာ
ရှိသေးပြီး Movie kingကြီးမှာ
ရေခဲဝတ်ကပ်နေရလျက် ရိုက်ကွင်းတိုင်းတွင်
သူ့အသားအား လုံးဝပင် ဆတ်ဆတ်ထိမခံခဲ့သော movie king ကြီး၏မျက်နှာမှာ
နီရဲလျက် ခရမ်းရောင်လေးပင်သမ်းနေလျက်ရှိနေသည်။

(ဟယ်ကျန်းမပြောနဲ့ကိုယ်တောင်ရယ်မိတယ်😂
ကိုကိုပုံဘယ်လိုဖြစ်နေမလဲမှန်းကြည့်တာ )

ရှရှင်းချန်သည် ဘေးတဖက်တွင် ထိုင်လျက်
စိတ်ဓာတ်များ ကျနေလျက်ရှိနေခဲ့သည်။
ဟယ်ကျန်း၏ရယ်သံကို ကြားနေရချိန်တွင်
ပို၍ ပို၍ ပင် ရှက်ရွံ့လာလျက်
စိတ်ဓာတ်များကပို၍ပင် ကျလာခဲ့ရသည်။
သူသည် ဒူးခေါင်းများအားလက်မောင်းဖြင့်စုကာ
ခေါင်းငိုက်စိုက်ဖြင့် သက်ပြင်းများသာချလျက်
ထိုင်နေခဲ့လေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now