EP33(U+Z)

2.7K 432 3
                                    

uni

Ep33 သူမေ့နေခဲ့တာဘဲ (U)

ညဥ့်နက်သန်းခေါင် အချိန်ကြီးတွင်
ရှရှင်းချန်သည် ဟွမ်ကျီရှင်းဖုန်းခေါ်သံ
ကြောင့် နိုးလာသည်။အချိန်ကြည့်လိုက်ရာ မနက်နှစ်နာရီ လောက်ကြီး ဖြစ်ပြီး အစောကြီး ဖုန်းထခေါ်နေသည်မို့ ချက်ခြင်းပင်ဒေါသထွက်လာသည်။ထို့ကြောင့်ပင်မဆီမလျော် သူပြောလိုက်သောပထမဆုံး စကားတစ်ခွန်းက

!မင်းရူးနေလား !

ဟွမ်ကျီရှင်းက ပြန်ဖြေသည်။

!အဲစကားက မင်းကို ငါက ပြန််မေးရမှာ
မင်း ရူးသွားပြီလား !

ရှရှင်းချန် လက်ကို မြှောက်ကာ ရှုပ်ပွနေသော ဆံပင်များကိူ ထပ်ဖွလိုက်သည်။သူခေါင်းများသည် လက်နှင့်ထိသည်နှင့်ထုံကျဥ်နေသည်ကိူခံစားလိုက်ရသည်။ အိပ်မှုန်စုံမွှား ဖြင့်

!ဘာတွေလာပြောနေတာလဲ !

ဟွမ်ကျီရှင်းက သူ့မေးခွန်းအား တရစပ်ပြန်မေးသည်။

!မင်း webioမှာ ဘာတွေတင်ထားတာလဲ။
အဲဒီ မင်း ဆိုတာက ကော ဘာလဲ ။
မင်းနဲ့အတူ တွေရော ငါနဲ့အတူ တွေရော
ငါ့ဘေးမှာရှိနိုင်ပါစေတွေရော ။
အဲဒီ ထဲက မင်းဆိူတာကို ဘယ်သူလိူ့ထင်နေကြလဲ မင်းတွေးမိလား။!

ရှရှင်းချန် ဦးနှောက်ထဲ ခဏမျှ မှိုတက်ကာ ထိုင်းမှိုင်းနေလျက်

!မင်းဘယ်ဟာကို ပြောနေတာလဲ !

ဟွမ်ကျီရှင်းက ပြောလာသည်။

!မင်း webioမှာ ပိုစ့်တင်လိုက်တယ်
အခု မင်းနာမည်နဲ့ ယန်ရိုမင် နာမည်ကတွဲပြီး hot search ထဲဝင်နေပြီ ။
လူတွေက ဘယ်လိုတွေးနေကြလဲဆိုတော့
ကုမ္ပဏီက မင်းကိုယန်ရိုမင်လို ရုပ်ရှင် ဧကရာဇ် ကို တမင်အသုံးချပြီး မင်းတို့ ရိုက်တဲ့ရုပ်ရှင်ကို ပရိသတ်ပိုပြီးစိတ်ဝင်စားအောင် လုပ်တယ် လို့ ပြောနေကြပြီ
အဲဒီအပြင် တခြား သတင်းတွေရောဘဲ!

သူက တခါတလေကို တကယ်တုံးအလွန်းလျက်ထပ်မေးလိုက်သည်။

!ဘာကြီး လူစိတ်ဝင်စားအောင်လုပ်တယ်
တခြားသတင်း !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now