EP103(U+Z)

3.4K 417 22
                                    

..

Uni

EP 103 Wedding photo ရိုက်ကူးခြင်း(U)

ထိုည ညစာစားချိန်၌ ကျန်းဇီဟယ်က အလွန်အကျွံသောက်နေခဲ့တယ်။ယန်ရိုမင်ကသာ သူ့အား သတိထားပြီး ကြည့်မနေခဲ့ပါက
ထိုထက်သာ ပိုဆိုးနိုင်ဖွယ် ရှိနေခဲ့ပြီး သူ့လက်ထဲမှ စပျစ်ဝိုင်ပုလင်းအား ဆွဲထုတ်ကာ
ရှရှင်းချန်အား ဒုတိယထပ်ရှိ ဧည့်သည်ခန်းသို့
သူ့အား လိုက်ပို့ရန် တောင်းဆိုလိုက်တယ်။

ဒုတိယထပ်အခန်းငယ်က ပြန်လည်ပြုပြင်ပြီး
ထပ်မံ၍ မွမ်းမံထားသော်လည်း အခန်းထဲ၌
သစ်သား အဆောက်အအုံ ရဲ့ သစ်သားနံ့က စွဲထင်နေဆဲ ရှိနေခဲ့တယ်။

ကျန်းဇီဟယ်အား သတ်မှတ်သည့်နေရာ၌ နေရာချထားလိုက်တယ်။ သူ့ဦးနှောက်သည်ကား သေရည် ဖြင့် နှစ်စိမ်ခြင်းအား ခံနေခဲ့ရတယ်။သူက ချာချာလည်နေသော်လည်း အိပ်ချင်စိတ်မရှိသေး။သူက ဤအဆောက်အအုံ၌ မမျှော်လင့်ဘဲ အချိန်ကုန်ဆုံးရသည်မှာ အိပ်မက်တစ်ခုကဲ့သိူ့ ဖြစ်နေခဲ့ပြီး ယန်ရိုမင် က လိင်တူ ချစ်သူတစ်ဦးဖြစ်ကာ သူ့တွင်လည်း ချစ်သူကောင်လေးရှိနေသည်ဆိုသည်ကလည်း သူ့အတွက် အိပ်မက် တစ်ခုကဲ့သို့ ဖြစ်နေခဲ့ရတယ်။

ဘာကြောင့် ထိုသူက ရှရှင်းချန် ဖြစ်ရတာလဲ?
ဘာကြောင့်များ သူမဖြစ်နိုင်ခဲ့ရတာလဲ ?
ကျန်းဇီဟယ် တစ်ယောက် အေးစက်နေသော အိပ်ရာခင်းပေါ် သူ့မျက်နှာအား ဖိကပ်ထားလိုက်တယ်။သူ့ရဲ့ မနာလို မှုကြောင့် ခါးသီးစွာ ခံစားနေရလျက် အရက်များစွာအား ပိုမို သောက်မိနေခဲ့ခြင်းဖြစ်ပြီး သူ့ ဘေးဖက်သို့
လှည့်ကြည့်လိုက်တယ်။

ထိုနောက် သူ က တဒေါက်ဒေါက်မြည်နေသော အသံအား ကြားနေခဲ့ရတယ်။ထိုခဏ၌ သူ ပက်လက်ပြန်လှန်လျက် မျက်နှာကျက်အား အာရုံစူးစိုက်ကာ ကြည့်နေမိစဥ် ထိုအသံသည်က သူ့အခန်း အပေါ်ထပ်မှ လှုပ်ခါမှုများကြောင့် ထွက်ပေါ်လာသည့် အသံများ ဖြစ်ကြောင်း  သူသတိပြုမိနေခဲ့တယ်။ထိုအသံသည်က အိပ်ရာပေါ်မှ စည်းချက်မှန်စွာ လှုပ်ရှားနေမှုများမှ ခုတင်ခြေထောက်များ အား တုန်ခါနေစေလျက် သစ်သားကြမ်းပြင် ပေါ်သို့ ကျရောက်လာခဲ့သော ထိခတ်သံများ ဖြစ်နေခဲ့တယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now