EP65(U+Z)

4.5K 546 30
                                    

...

Uni

EP65  တစ်ဘဝလုံးစာ (U)

ယန်ရိုမင် ရှရှင်းချန်အား အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီး ပြောလာသည်။

!မလုပ်ဘူး !

ရှရှင်းချန် ဒီတခါ သူယန်ရိုမင့်ကို အမှန်တကယ် စွန့်လွှတ်လိုက်တယ်။
သူရဲ့ သတ္တိတွေကို နောက်ဆုံးအနေနဲ့ စုစည်းပြီး ဒီည သူအပျော်အပါးလိုက်စားမယ်လို့ ပြောလိုက်တာတောင် သူ့ကို နောက်ဆုံး
ပြောလာတဲ့ ယန်ရိုမင့်ရဲ့ ငြင်းပယ်တဲ့စကားက
သူ တကယ်ကြီး သူ့ရဲ့ သတ္တိတွေအကုန်ပျောက်ကုန်တယ်။ သူ့ ကို ဆွဲထားတဲ့
ယန်ရိုမင့် လက်ကို သူ ဖယ်ထုတ်လိုက်တယ်။
ပြီးနောက် သူချက်ခြင်းဘဲ ယန်ရိုမင့်ရှေ့က ဖြတ်လာပြီး သူ အပြင်ထွက်မို့ လုပ်လိုက်တယ်။

ပြီးသွားပြီ ၊အကုန် ပြီးပြီ ၊
သိက္ခာတွေလဲ ကုန်ပြီ ၊ရွေးခြယ်စရာတွေလဲ
ပေးခဲ့ပြီးပြီ ၊သူ စွန့်လွှတ်လိုက်ပြီ
တသက်စာ။

သို့သော် ယန်ရိုမင်က သူ့ လက်မောင်းအား
နောက်တကြိမ် ဆုပ်ကိုင်ပြီး သူ့အား
ဆွဲလှည့် ကာ ပြောလာတယ်။

!မင်းနဲ့ ချင်းရွှယ်ယွဲ့နဲ့က အဆင်ပြေနေပြီ မဟုတ်ဘူးလား ၊အဲဒါကိူ ကြည့်ထဲက
မင်း မိန်းကလေးတွေကို ပိုစိတ်ဝင်စားတာ
အသိသာကြီး ၊ဒီလို အဓိပ္ပာယ်မရှိ တဲ့ ကြိုးပမ်းမှုတွေကို မင်းဘာလို့လုပ်နေတာလဲ!

ရှရှင်းချန် ထိုစကားတွေကို ပြန်လည်ချေပ ချင်နေသော်လည်း သူအခု အရမ်းကို
ရိုက်နှက်ခြင်းခံရသလိူ ခံစားနေရတာမို့
သူ့ လက်အား များ ယန်ရိုမင့်ဆီမှ ရုန်းထုတ်လိုက်ရင်း သူ ပြန်အော်လိုက်သည်။

!ခင်ဗျား ဘာလို့ လာဂရုစိုက်နေတာလဲ
ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ !

ယန်ရိုမင်က သူရဲ့ idol၊သူ အရမ်းချစ်ရတဲ့သူ၊သူ အရမ်းလေးစားရတဲ့သူ၊ပြီးတော့
ဒီလိုလေသံ ဒီလို အသုံးအနှုန်းမျိုးနဲ့
သူဘယ်သောအခါမှ ယန်ရိုမင့်ကို မပြောခဲ့၊မသုံးနှုန်းခဲ့ဘူးဘူး။

!ရှင်းချန် !

ယန်ရိုမင်က သူ့လက်အား ပို၍ အားသုံးကာ
ခိုင်မြဲစွာ ပို၍ပင် ချုပ်ကိုင်လာခဲ့ရင်း

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now