EP107(U+Z)(Part1+2)

3.2K 369 5
                                    

.....

Uni

ယခုနှစ်ကုန်ပိုင်းတွင် ယန်ရိုမင်နဲ့ ရှရှင်းချန် တို့က တရုတ်နိုင်ငံ ၏အကြီးဆုံး ရုပ်ရှင်ဆုပေးပွဲအတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု များ၌ အမည်စာရင်း တင်သွင်း ခံထားလာရတယ်။တချိန်တည်းမှာဘဲ
!GD !ကလည်း အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုများအတွက် လျာထားခြင်းခံလာရတယ်။

ထိုပွဲက တချိန်က ယန်ရိုမင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ယူတာကိုကြည့်ရင်း ရှရှင်းချန် အနောက်ဖက်ခုံတန်းများမှာ
ထိုင်ခဲ့ရသည့်အချိန်က ပွဲအခမ်းအနားနှင့် အတူတူပင်ဖြစ်တယ်။ထိုအချိန်က အစောဆုံး သူ့ အသက်30 နှင့် နောက်အကျဆုံး 35နှစ်မတိုင်ခင် သူသည်လည်း ထိုသို့ ဆုယူနိုင်ရမည်ဟု ရည်မှန်းခဲ့ဖူးတယ်။

သို့တိုင် မမျှော်လင့်ဘဲ သူ ထင်ထားတာထက်ပင် ပိုစောပြီး သူ့ အတွေးများက ရုပ်လုံးပေါ်လာခဲ့ရတယ်။

ထိုသတင်းအား သူကြားတဲ့အချိန်က
ချိုက်မိုင်တင်းရုံးခန်းတွင်ရှရှင်းချန်ရောက်နေချိန် ဖြစ်တယ်။ထိုနေ့၌ ကုမ္ပဏီသို့ များစွာသော ကုမ္ပဏီရဲ့ အနုပညာရှင်များ လည်း လာရောက်လျက် ရှိနေခဲ့ကြပြီး ကုမ္ပဏီရဲ့ ထိပ်တန်း မင်းသမီး ယော့ရူ လည်းရှိနေခဲ့တယ်။ထို့အပြင် လူကြိုက်များရေပန်းစား လျက် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ
တဟုန်ထိုးနာမည်ကြီးလာခဲ့သော ယဲ့ဇီယမ် လဲရှိနေတယ်။တခြား သရုပ်ဆောင်များစွာလည်း ရှိနေပြီး သူတို့ အားလုံးက ချိုက်မိုင်တင်း ရုံးခန်းတွင်ထိုင်လျက် စကားပြောနေကြတယ်။

ချိုက်မိုင်တင်း က ဖုန်းလက်ခံရရှိခဲ့တယ်၊
သူမက ရှရှင်းချန်အား ကြည့်လိုက်ရင်း တဖက်မှ စကားပြောတာကိုလည်း နားထောင်လျက်ရှိနေခဲ့တယ်။သူမ ဖုန်းချလိုက်သောအခါ ရှရှင်းချန်အား ကြည့်လိုက်ပြီး
သူမ မျက်နှာပေါ်မှာ အလွန်ပင်ကျေနပ်နေလျက် လှပ စွာပြုံးလာရင်း ပြောလာတယ်။

!ကလေး မင်း အရမ်း တော်တယ် !

ရှရှင်းချန်က သူ့ဖုန်းအား လက်ဖြင့် ထိတွေ့ကာ သေမတတ်ပျင်းရိနေတာမို့ ဟိုကြည့်ဒီကြည့်လုပ် နေရာမှ ချိုက်မိုင်တင်းပြောတာကို ပြောလိုက်ရတာမို့ သူက ခေါင်းမော့ကာပြန်ကြည့်လိုက်ရင်း ဘာမှန်းမသိသည်မို့ မေးလိုက်တယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now