EP73(U+Z)

3.5K 469 3
                                    

..

Uni

EP73 ချန်းဟိုင်လန်၏စကားများ (U)

များသောအားဖြင့် တိတ်ဆိတ်နေသော villaသည် ဧည့်သည်များရုတ်တရက်ရောက်လာချိန်တွင် နေရာထိုင်ခင်းက အနည်းငယ် ကြပ်ညပ်သွားမည်သာဖြစ်သည်။

ချင်းရွှယ်ယွဲ့က မိန်းကလေးတစ်ယောက်မို့
သူမက အခန်းသီးသန့် ကိုယ်ပိုင်ရခဲ့သည်။

အခြား ကျန်ရှိသောအခန်း တစ်ခုက
ကြီးမားသော ဧည့်ခန်းတစ်ခုပါပြီး အတွင်းခန်းထဲ၌ နှစ်ယောက်အိပ်ကုတင် တစ်ခုလည်းရှိသည် ။ထို့အပြင် အပြင်ခန်းမှ ဆိုဖာ များက
ပြန့်ပြူးသည်မို့ တစ်ယောက်အိပ် မွေ့ယာအဖြစ် အသုံးပြုနိုင်သည်။

ရမ့် ယွီချန်းက ရမ့်ကျင်းယွမ် က သူ့အခန်းအား ချန်းဟိုင်လန်အားပေးကာ ရမ့်ကျင်းယွမ်အတွက် နောက်ထပ် အိပ်ရာ အသေးတစ်ခု ထပ်ခင်းရန် ပြောလိူက်သည်။ထို့ကြောင့်
ရှရှင်းချန်နဲ့ ယန်ရိုမင်က အိပ်ခန်းထဲတွင်
အိပ်နိုင်သည်။

အဲဒီအချိန် ချန်းဟိုင်လန်က ယန်ရိုမင်ရဲ့
ပခုံးပေါ် လက်တင်ကာ ပြောလာသည်။

!ကျင်းယွမ်က ပြောင်းပေးစရာမလိုပါဘူး ၊
ယန်ရိုမင်နဲ့  အတူ အိပ်ရာပေါ်မှာဘဲ အိပ်မယ်
အရင်က ငါတို့ အတူ အိပ်ရာတစ်ခုထဲ
တစ်ခါမှ မအိပ်ခဲ့ဖူးဘူး !

ရှရှင်းချန်ထိုစကားကို ကြားသောအခါ
အလွန်အံ့အားသင့်သွားပြီး ယန်ရိုမင့်ကို
ကြည့်လိုက်တယ်။

ယန်ရိုမင်က ပြုံးပြီး ပြောလာတယ် ။

!ရတယ် ကျင်းယွမ် ပြောင်းမပေးပါနဲ့ !

ယန်ရိုမင်က ယဥ်ကျေးပျူငှာကြောင်း
သူ့နှလုံးသားထဲကသိနေသော်လည်း
ရှရှင်းချန် စိတ်ပျက်နေဆဲပင်ဖြစ်သည်။
သူက မင်ကောနှင့် သူတို့မခွဲခွာခင် နောက်ဆုံးညတော့ သူတို့အတူ တခန်းထဲ ရှိနိုင်မည်ဟု သူမျှော်လင့်ခဲ့မိသည်။

ချန်းဟိုင်လန်က အလျော့မပေးတတ်သည်မှာ ခဲယဥ်းသူဖြစ်သော်လည်း သူက ဝိုင်အနည်းငယ်လဲ သောက်ထားခဲ့သည်။
ထို့ပြင် ရမ့်ယွီချန်းက မည်သို့ပင် ပြောစေကာမူ သူက ယန်ရိုမင်နဲ့ အတူ ဒီည အိပ်ရင်း စကားပြောမည်ဟုသာ ပြောနေသည်မို့
အိမ်ရှင်သည်လည်း ဆက်မပြောတော့ဘဲ ရှိနေခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Wo Geschichten leben. Entdecke jetzt