EP137(Extra1.2)(U)

2.7K 269 8
                                    

....

Uni

သူတို့စကားပြောပြီးတဲ့နောက်တွင် ရှရှင်းချန် အခြေအနေကယခင်ထက်ပိုမိုကောင်းမွန်တဲ့ အခြေအနေဆီသို့ ရောက်ရှိသွားခဲ့သည်ဟု
သူခံစားမိသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ,ရှရှင်းချန်သည်
ဖန်ကျင့်ယွမ်ရဲ့ရှက်ရွံ့မှုနှင့်နူးညံ့ချိုသာမှုတို့ကိုလည်း တပုံစံထဲပင်မငြင်းဆိုနိုင်ခဲ့ဘဲရှိနေခဲ့သည်။ဖန်ကျင့်ယွမ်တစ်ယောက် ဆံပင်လေးများနှင့်အကျီများပင်ချွေးလေးများစိုနေလျက် ပထမထပ်ရှိ ပစ္စည်းသိုလှောင်ရုံအခန်းလေးထဲ၌ပစ္စည်းများကိုခွဲထုတ်နေခဲ့သည်။သူက သကြားအိတ်လေးအား ခြေဖျားလေးများထောက်၍ စင်အမြင့်ဆီသို့ လှမ်းပြီး
တင်နေခဲ့သည်။သူ့ရဲ့ရှပ်အကျီ အနားစွန်းလေးက ပခုံးတဖက်ဆီသို့လျှောကျနေလျက်
လက်လေးအားမမှီ့တမှီ့ဖြင့် လှမ်းနေရသည်မို့ဖြူဖွေးတဲ့ခါးကျင်ကျင် လေးအား အကျီအောက်ခြေ၌ လှစ်ဟပြနေသကဲ့သို့ဖြစ်နေခဲ့သည်။ဖန်ကျင့်ယွမ်ရဲ့ဝင်းမွတ်ဖြူဖွေးလျက်ပါးလျပျော့ပျောင်းတဲ့အသားအရည်လေးပေါ်၌ ချွေးစက်လေးများကမီးရောင်ကြောင့်တလက်လက်ပင်တောက်ပနေခဲ့သည်။
သူ့ဘောင်းဘီရဲ့ခါးပတ်ကြိုးအောက် တွင်
သိသာစွာပင်ချိုင့်ဝင်နေတဲ့ တင်ပါးနောက်ကျောအချို့င့်လေးများကိုလည်း
ရိုက်ပြထားနေသည်။

ယန်ရိုမင်လျှောက်သွားလိုက်ပြီး ,သကြားအိတ်လေးအားသူ၏လက်ဖြင့်ယူလိုက်ပြီး
ရှရှင်းချန်ရဲ့ နောက်ကျောမှစင်လေးဆီသို့
တင်ပေးလိုက်သည်။ထိုနီးကပ်မှုလေးမှ ,
ရှရှင်းချန်ရဲ့ဆံပင်လေးမှရှန်ပူနံ့နဲ့ ချွေးနံ့တို့ရောစပ်နေသောအနံ့လေးတစ်မျိုးအားသူရနေခဲ့သည်။

ယန်ရိုမင်ကသူသရုပ်ဆောင်ချက်အတိုင်းသာ
ရှိနေပြီး လိုအပ်သလိုပင်ရွေ့လျားနေခဲ့သည်။
ရှရှင်းချန်ရဲ့ မျက်လုံးများက အစမှသည်အဆုံးထိတိုင်သူ့ ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့သည်။သို့သော် ယန်ရိုမင်သူ့ကိုကြည့်လိုက်တဲ့အခါ ချက်ခြင်းပင် သူ့ရဲ့အကြည့်များကို လွှဲဖယ်သွားခဲ့သည်။ချွေးသီးပေါက်လေးများက သူ့ရဲ့မေးရိုးဆီမှသည် ရင်ဘတ်ဆီသို့
ကျဆင်းနေခဲ့သည်။အကျီထဲသို့လျှောကျသွားခဲ့ရင်းချည်ထည်အကျီလေးရဲ့စုပ်ယူနိုင်မှုကြောင့် ချွေးစက်လေးများကပျောက်ကွယ်လုနီးပါးရှိနေခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now