EP86(U+Z)

2.9K 366 5
                                    

..

Uni

EP 86 မင်ကောနဲ့အတူ အိမ်မှ ခိုးထွက်(U)

ရှရှင်းချန် ဘာမှမကြားသည့်ပုံစံအတိုင်း လှေကားက ဆင်းလာသလို ဟန်ဆောင်လိုက်တယ်။သူက မီးဖိုချောင်အပြင်ဖက် ရှိ သူရဲ့ အကိုနဲ့ မရီးကို အော်ခေါ်လိုက်တဲ့အခါ
ရှရယ်နဲ့ ဖန်းရင် တို့က ချက်ခြင်း ထွက်လာခဲ့ကြတယ်။

ရှရယ် ကမေးတယ်။

!မင်း ထလာပြီလား !

ဘေးဖက်တွင် ဖန်းရင်က သူမလက်အား ခါးတွင်စည်းထားသော အေပရွန်တွင် သုတ်ကာ မေးလာသည်။

!မင်း ကောင်းကောင်း အိပ်ပျော်လား ၊
မင်ကောကော မနိုးသေးဘူးလား ?!

ရှရှင်းချန်က ပြုံးလျက်ပြောလိုက်တယ်။

!သူနိုးနေပြီ၊ကျွန်တော်တို့နှစ်ယောက်လုံး
ကောင်းကောင်းအိပ်ပျော်ပါတယ် !

ဖန်းရင်ကချက်ခြင်းဘဲ ပြောလာတယ်။

!ဒါဆို မနက်စာစားကြစို့လေ၊မင်းတို့ အရင်ထိုင်ကြဦး ၊ဂျုံယာဂု နဲ့ စပျစ်ကိတ်မုန့် ပေါင်းတွေကို ပူပူလေးလုပ်ထားတယ်၊
ငါအခုချက်ခြင်း ယူလာပေးမယ်နော် !

ရှရှင်းချန် နဲ့ ယန်ရိုမင် ထမင်းစားစားပွဲ တွင်ဘေးချင်းယှဥ် ထိုင်လိုက်တယ်။ဖန်းရင်က
မကြာခင်မှာဘဲ မီးဖိုချောင်ထဲမှ ဂျုံယာဂုနဲ့
စပျစ်ကိတ်မုန့်ပူပူကို ယူလာပြီး နောက် သူတို့အား ဂျုံယာဂု တစ်ပန်းကန်စီ ထည့်ပေးလာတယ်။

ယန်ရိုမင်က သူ့ ပန်းကန်အား လက်ခံယူရင်းပြောလိုက်တယ်။

!ကျေးဇူးတင်ပါတယ် !

သူက ခဏရပ်လိုက်ပြီး နောက်အပိုဆောင်းကာ ပြောလိုက်တယ်။

!ဒုက္ခပေးသလို ဖြစ်သွားရင်
တောင်းပန်ပါတယ်!

!ဘာလို့ အဲလိုတွေ ပြောရတာလဲ !

ဖန်းရင်က စားပွဲနားတွင်ရပ်နေရင်း ရယ်လျက်ပြောလာတယ်။

!မင်ကော ဒီမှာရှိနေလို့ ကျမဘယ်လောက်ပျော်နေလဲ မင်ကောမသိပါဘူး ၊
နောက် တစ်နှစ် နေရင်တောင် ပြသနာမရှိဘူး !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now