EP5(U)

3.9K 520 1
                                    

u

အဖွဲ့ဝင်အားလုံးစုံသည့် ဒုတိယနေ့တွင်
!Drifting Further !ရုပ်ရှင်အား
ရိုက်ကူးရေးကို တရားဝင်စတင်ခဲ့လေသည်

ရုပ်ရှင်၏တချိူ့အခန်းများသည်
စတူဒီယို အတွင်းမှာ ရိုက်ရမည်ဖြစ်သည်။
ရှရှင်းချန်သည် ရိုက်ကူးရေးလုပ်မည့်
3ထပ်တိုက်ရှိ အပြင်အဆင်အား
မြင်လိုက်ရချိန်တွင်သူသည် ဇာတ် ညွှန်းအတွင်းမှဇာတ်ဝင်ခန်းများအား ပြန်လည်
သတိရလျက် စဥ်းစားမိလိုက်သည်။

ဇာတ်လမ်းသဘောမှာ ကောလိပ်၏ပထမနှစ်
နွေရာသီအားလပ်ရက်တွင် ဖန်ကျီယွမ်
တို့အိမ်၏တတိယထပ်မှ အခန်းလွတ်အား အသက်30ခန့်ရှိသော
ချောမောသည့် ယွီဟိုင်ရန် အား
ငှားခဲ့ရမှာစသည့်ဇာတ်လမ်း ဖြစ်သည်။

ရိုးရှင်းသော ဇာတ်ကားဖွင့်ပွဲ အခမ်းအနား
လုပ်ပြီးနောက် ပထမဆုံးယနေ့ ရိုက်ရမည့်အခန်းသည် ဖန်ကျင့်ယွမ်နှင့် ယွီဟိုင်ရန်
တို့နှစ်ဦးကြားပထမဆုံးအချစ်ခန်း
ဖြစ်သည်။

များစွာသော ရိုက်ကူးရေးအဖွဲ့သားများသည်
ရိုက်ကွင်း နေရာအတွက် ပြင်ဆင်နေကြသည်။ဟယ်ကျန်းသည် ဇာတ်ညွှန်းအား
လက်ထဲတွင်ကိုင်ရင်း ယန်ရိုမင်နှင့် ရှရှင်းချန်တိူ့အား ဇာတ်လမ်း သဘောကို ပြောပြနေခဲ့သည်။

ဟယ်ကျန်းသည် ရှရှင်းချန်အား
ပြောသည်။

!ဒါက ဖန်ကျင့်ယွမ် ရဲ့
ပထမဦးဆုံးအကြိမ်သူက ယွီဟိုင်ရန်ကို
နှလုံးသားထဲက တွေဝေတွန့်ဆုတ်နေပမယ့်
သူ့ ခန္ဓာကိုယ်က တော့ သူမသိခင်မှာ
ကျဆုံးသွားရတယ်!

ရှရှင်းချန်သည် ခေါင်းသာညိတ်
နေရသော်လည်း လက်မနှင့်လက်ညိုးကြားညှပ်ကိုင်ထားသောဇာတ်ညွှန်းစာရွက်သည်
အထဲသို့တွန့်ခေါက်နေလျက် သူ့နဖူးတွင်
ချွေးများပင်စို့လာခဲ့လေသည်။

သူသည် ဒီဇာတ်ဝင်ခန်းတွင် စကားနည်းနည်းသာပြောရမည်ဖြစ်သည်။ဇာတ်ကားတစ်ခုလုံးတွင်လည်း စကားသိပ်များများပင်
မပြောရသော်လည်းအမူအရာဖြင့်
ဇာတ်ကွက်တစ်ခုအားပေါ်အောင် ဖော်ပြရခြင်းသည် သူ့အတွက် ပိုပြီး စိတ်ပင်ပန်းစေ
ရသည်။ဟယ်ကျန်းလိုချင်သည်ကလည်း
ဇာတ်ညွှန်းထဲရှိ စာသားများအား
ခံစားချက်ဖြင့်သာ အသံတိတ်
ပေါ်လွင်အောင်ဖော်ပြရသည့် ဇာတ်ကွက်နှင့်လည်း သင်လျော် ရမည့် အမူအရာဖြင့်
သရုပ်ဆောင်ဖို့ပင် ဖြစ်လေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Onde histórias criam vida. Descubra agora