EP8(U)

3.4K 505 2
                                    

.ရိုက်ကွင်းနှင့်မသက်ဆိုင်သူများက အပြင်ထွက်သွားကြသည်။ဟယ်ကျန်းသည်လည်း
မော်နီတာ နောက်ကွယ်၌ ဘာမှမပြောဘဲ
ထိုင်နေလျက်ရှိသည်။

ရှရှင်းချန် ကယန်ရိုမင်ကို ကြည့်လိုက်သည်။
ယန်ရိုမင်က သူ့အားထိုအချိန်တွင်တစ်ခုခုထပ်ပြောလာလိမ့်မည်ဟု သူမျှော်လင့်သောကြောင့်ဖြစ်သည်။

ယန်ရိုမင်သည် စားပွဲပေါ်မှစာအုပ်တစ်အုပ်ကိုယူလိုက်ရင်း စာရွက်နှစ်ရွက်မျှလောက်လှန်လိုက်ပြီး သူ့ဖက်သို့ပြန်လှည့်ကြည့်လာရင်း
မေးလာခဲ့သည်။

! မင်း အသက်ဘယ်လာက်ရှိပြီလဲ!

!24 ပါ!

ရှရှင်းချန်သည် အိပ်ရာပေါ်တွင်ထိုင်လျက်
ပြောလိုက်သည်။

!မင်း ရုပ်ရှင်သရုပ်ဆောင်လုပ်တာ
ဘယ်နှစ်နှစ်လောက်ရှိပြီလဲ!

ရှရှင်းချန်သည် ဆရာတစ်ယောက်၏မေးခွန်းများ ကို ကျောင်းသားတစ်ဦးကပြန်ဖြေနေရသကဲ့သိူ့ ခံစားနေရသည်။မူလတန်း
ကျောင်းသားလေးရှက ယဥ်ကျေးစွာ
ပြန်ဖြေလိုက်ခဲ့သည်။

!ခြောက်နှစ်ပါ ကျွန်တော် သရုပ်ဆောင်
စလုပ်တော့ အသက် 18နှစ်
ဘဲရှိပါသေးတယ်!

ယန်ရိုမင်သည် သူ့လက်ထဲရှိစာအုပ်မှ စာရွက်များအား ခပ်မြန်မြနိပင်လှန်နေသည်ကို
တွေ့ရပြီး စာအုပ်ထဲသိူ့ စိတ်ဝင်စားပုံ
ရှမနေခဲ့ ။ယန်ရိုမင်၏လေသံသည် ပေါ့ပါးလျက်ရှိနေပြီး နွေရာသီနေ့လည်ခင်းတစ်ခုတွင်ကော်ဖီသောက်ရင် အေးဆေးစကား
ပြောနေသည့်ပုံနှင့် ပင်တူနေလျက်
သူ့ကိုပင် စိတ်လက်ပေါ့ပါးလာစေသည်။

!မင်း ဘယ်တက္ကသိုလ် ကဘွဲ့ရတာလဲ!

ရှရှင်းချန်သည် သူဘွဲ့ရခဲ့သော
တက္ကသိုလ်၏နာမည်ကို ပြောလိုက်သည်။
၎င်း သည် တရုတ်နိုင်ငံ၏ထိပ်တန်းကျောင်း
မဟုတ်သော်လည်း နာမည်ကြီးအနုပညာရှင်အချိူ့တော့ထွက်ပေါ်ခဲ့သည့် ကျောင်းဖြစ်သည်။

ယန်ရိုမင်က ခေါင်းညိတ်ပြသည်။

!ဒါဆို မင်းက ပထနှစ် ကျောင်းသားဘဝထဲကသရုပ်ဆောင်စလုပ်ခဲ့တာပေါ့!

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now