EP50(U+Z)

3.3K 441 5
                                    

..Ep 50 မျှော်လင့်ချက် အပိုင်းအစ (U)

ဟွမ်ကျီရှင်းက ဘာမှကြိုမပြောဘဲ နောက်နှစ်ရက်အကြာတွင် ရှရှင်းချန်ဆီသို့ ဇာတ်ညွှန်းအနည်းငယ်အားယူဆောင်ကာ သူ့အား အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဇာတ်ညွှန်းစာရွက်များအား ပေါ့တန်တန်ပင် ကော်ဖီ စားပွဲပေါ်တွင်တင်ထားလိုက်ရင်း
ဆိုဖာပေါ်တွင်ထိူင်လျက်နောက်သို့မှီကာ
ပြောလာသည်

!အစားနည်းနည်းပိုစားပြီး ပြန်ဝအောင်လုပ်ဦး ၊ပြီးတော့ gymလေးဘာလေးပြန်သွားပြီးလေ့ကျင့်ခန်းလေးဘာလေးပြန်လုပ်ဦး၊
ခုလို အရမ်းပိန်နေတာက မင်း အလုပ်တွေ
ရွေးလုပ်နေရလိမ့်မယ် !

ရှရှင်းချန် ဟွမ်ကျီရှင်းစားပွဲပေါ် တင်ထားသောအိတ်အား ဖွင့်လိုက်သည်။သူသည် ထိုအကြောင်းအရာများကို ကြည့်ပြီးနောက်
အစားပင်မစားချင်တော့သလို ဖြစ်နေခဲ့သည်။ထို့ကြောင့်ပင် ဆိုဖာ ရှေ့ရှိစားပွဲပေါ်တင်ထားသော ဇာတ်ညွှန်း စာရွက်အချို့အား
ကောက်ယူလိုက်သည်။

ဟွမ်ကျီရှင်းက သူ့အား ကြည့်ရင်းပြောလာသည်။

!အဲဒီ ဟာတွေအပြင် မင်းကို လာအပ်ပြီး ကမ်းလှမ်းထားတဲ့ တခြားဇာတ်ညွှန်းတွေအများကြီး ရှိသေးတယ်၊ဒါပေမယ့် ငါ
CEO ချိုက် ရဲ့ ထင်မြင်ချက်နဲ့ အဖြေရှာတိုင်ပင်ပြီး သူကတော့ မင်းနဲ့ သင့်တော်မယ်
မထင်ဘူးလိူ့ပြောတယ် !

!CEO Cai !

ရှရှင်းချန် အနည်းငယ် အံ့အားသင့်လျက်

!သူက ဇာတ်ညွှန်း ဖတ်လိုက်တာလား!

!အမှန်တကယ် က သူ မဖတ်ဘူးကွ ၊!

ဟွမ်ကျီရှင်းက ပြောလာခဲ့သည်။

!သူက အခြေခံကျကျ အတွေးတစ်ခုဘဲရသွားတာ ၊ပြီးတော့ မင်းက  ဟယ်ကျန်းလို
ဒါရိုက်တာကြီး တစ်ယောက် ရဲ့
ရုပ်ရှင်မှာတောင်  သရုပ်ဆောင် ခဲ့တာမို့
ဇာတ်ညွှန်း ဇာတ်ကွက်မရှိတဲ့ လူငယ်ကြိုက်
ဇာတ်လမ်း အသေးလေးတွေကို မင်းလုံးဝ
ရိုက်စရာမလိူ တော့ဘူးကွာ အဲလို !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now