EP31(U+Z)

3K 452 19
                                    

.EP31 မင်ကောက ထပ်ပြောတယ်Happy Birthday ပါတဲ့ (U)

ရှရှင်းချန်က ညဖက်အကျွေးအမွေးနှင့်ပတ်သက်ပြီး သရုပ်ဆောင်များနှင့် အဖွဲ့သားအားလုံးအား ထို မြို့၏နာမည်ကြီး
Hotpot ဆိုင်တွင် နွေးထွေးပြီးသက်တောင့်သက်သာရှိစေရန် အခန်းကျယ်နှင့်အတူ
အရေးကြီး ပုဂ္ဂိုလ်များအတွက်မူ
သီးသန့်ခန်းများဖြင့်အထူးစပယ်ရှယ်စီစဥ်ပေးခဲ့သည်။ယန်ရိုမင် နဲ့ ဟယ်ကျန်း တို့ကလည်း အရေးကြီးသော သူများပင်ဖြစ်ပြီး သရုပ်ဆောင်နှင့်ရုပ်ရုင်ဖန်တီးသူများမို့ သီးသန့်ခန်းထဲ၌ ရှိနေခဲ့ကြသည်။

ထို့ပြင် ယခု လက်ရှိ သူသရုပ်ဆောင်သော
ဖန်ကျင့်ယွမ်ဇာတ်ကောင်လေး၏မွေးနေ့သည်လည်း သူ့မွေးနေ့နှင့် တစ်ရက်ထဲ ဖြစ်နေခဲ့သည်မို့ ထိုဇာတ်ကောင်လေးအတွက်ပါ
စက်အဖွဲ့နှင့် fansများက အတူတကွပင်ဆုတောင်းပေးကြတာ မွေးနေ့ကို အတူတကွပင်ကျင်းပခဲ့ကြသည်။

အစပိုင်းတွင်သူသည် စားပွဲတိုင်းသို့သွားကာ
လူတိုင်းအား နှစ်သက်ရာကိုလွတ်လပ်စွာပင်
သုံးဆောင်နိုင်ကြောင်းလိုက်လံပြောဆိုလိုက်သည်။ပြီးနောက် သီးသန့်ခန်းဆီ ပြန်လာချိန်
အပြန်လမ်းတွင် ဟော့ပေါ့ဆိုင်သိူ့ လာသော
အခြားဧည့်သည်များက သူတို့နှင့်အတူ ဓာတ်ပုံရိုက်လိုကြောင်း တားဆီးကာ ပြောလာကြလေသည်။ထို့ကြောင့်ပင် သူသည်
ဧည့်သည်များနှင့်အတူ အချိန်ခဏမျှ တဦးချင်းစီနှင့်အတူ ဓာတ်ပုံရိုက်ပေးနေခဲ့သည်။

ဧည့်သည်များအတော်အတန်စဲသွားချိန်မှ
သီးသန့်ခန်းဖက်သိူ့ ပြန်လာခဲ့လိုက်ပြီး
ရှရှင်းချန် အခန်းထဲ ရောက်ချိန် ယန်ရိုမင်က ဟယ်ကျန်းဘေးတွင်ထိုင်လျက်ရှိနေသည်။
ဟယ်ကျန်းက ယန်ရိုမင် ဘေးကပ်လျက်ထိုင်ကာစကားပြောနေရင်း ဆေးလိပ်သောက်နေသည်။ ယန်ရိုမင် ၏မျက်နှာတစ်ပြင်လုံး
သည် ဟယ်ကျန်း၏ဆေးလိပ်ငွေ့ များထဲ၌သာ နစ်မြုပ်နေခဲ့သည်။

ယန်ရိုမင်ဘေး တွင်နေရာလွတ်တစ်ခုရှိနေပြီး
ရှရှင်းချန်အတွက် နေရာချန်ထားပုံရနေသည်။

အခန်းထဲမှသူတစ်ဦးက ရှရှင်းချန်အခန်းထဲဝင်လာသည်ကို သတိပြုမိသွားခဲ့ပြီး
လက်မြှောက်ပြကာနှုတ်ဆက်ရင်း
အသံကျယ်ဖြင့်အော်ခေါ်ကာခုနနေရာလွတ်တွင်ထိုင်ရန် ပြောလေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now