EP71(U+Z)

3.1K 456 11
                                    

..

Uni

EP71မင်ကောရဲ့ ကြယ်လေး(U)

အခန်းသည်ကား လက်ဖက်ရည်နံ့သင်းသင်းနှင့်အတူ နွေးထွေးလျက်ရှိနေသည်။
ရမ့်ယွီချန်း ရဲ့ လေးတွဲ့ တွဲ့ ပြောနေသံကြောင့် ရှရှင်းချန် အနည်းငယ်ပင် အိပ်ချင်နေမိသည်။

ရမ့်ယွီချန်းက ရုပ်ရှင်များအကြောင်း ပြောနေသည်။အဘိုးအိုက အနုပညာ အရည်အချင်းကြွယ်ဝလွန်းသူဖြစ်ပြီး
ဆယ်စုနှစ်များစွာ ရုပ်ရှင်ဇာတ်ကားများ
ရိုက်ကူးခဲ့ရပြီးနောက် သူ၏အသွေးအသားထဲ၌ အနုပညာစိတ်က နက်နက်ရှိူင်းရှိုင်းပင်
အမြစ်တွယ်ခဲ့သည်။သူပြောသော စကားများကို ဂရုတစိုက်ဖြင့် အသေအချာနားထောင်ပါက များစွာ စိတ်ဝင်စားစရာများ ပါဝင်ပြီး
ပညာရသည်ပင်ဖြစ်သည်။သို့သော် ရှရှင်းချန်
ကတော့ စိတ်ဝင်စားမှုမရှိဘဲ ခဏခဏပင်
သမ်းဝေချင်စိတ်အား ထိန်းချုပ်နေရသည်။

အပြင်ဖက်၌ ဟက်စကီးခွေးလေးအား
ခြံထဲ၌ လွတ်လပ်စွာသွားလာရန် လွှတ်ထားပေးသည်။ပြတင်းပေါက်မှန်ကတဆင့် ကြည့်လိုက်စဥ်ခွေးလေးက မြေပြင်အား သူ့လက်သည်းဖြင့်ကုတ်ဖွနေသည်အားတွေ့နေရသည်။

!မင်းခွေးလေးနဲ့ အတူ သွားကစားချင်လား !

ရမ့်ကျင်းယွမ်က ချင်းရွှယ်ယွဲ့အား မေးလာသည်။

ချင်းရွှယ်ယွဲ့က ချက်ခြင်းမတ်တပ်ထရပ်ကာပြောလာသည်။

!အိုကေ !

ရမ့် ယွီချန်းက သူ့စကားအားခဏရပ်ကာ
သူတိူ့ကို ကြည့်ပြီး ပြုံးလျက်

!မင်းတို့ လူငယ်တွေ အပြင်ထွက်ပြီး လွတ်လွတ်နေကြလေ ၊ဟိုင်လန် နဲ့ ရိုမင် ဘဲ
လက်ဖက်ရည် သောက်ရင်း ငါနဲ့ နေခဲ့ !

ထို့ကြောင့် လင်ကျားယွဲ့ လည်းဘဲ မတ်တပ်ထရပ်ကာ ထွက်သွားဖို့ လုပ်နေစဥ် ရှရှင်းချန်
တစ်ယောက်ထဲသာ ထိုင်နေဆဲ ရှိနေသည်။

ရှရှင်းချန် ယန်ရိုမင် ဖက်ကို လှည့်ကြည့်ချိန်
သူမေးချင်မိသည်။

!မင်ကောပါ အတူ လိုက်ပေးနိုင်မလား!ဟု
သိူ့သော် သူမမေးနိုင်ခဲ့။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now