EP45(U+Z)

2.9K 445 5
                                    

Ep 45 -ခင်ဗျား မှန်တယ် (U)

ရှရှင်းချန် ဝိုင်တခွက်အားယူကာ ယန်ရိုမင့်ဘက်သို့ ကူးသွားလိုက်သည်။

လူတစ်ယောက်သည် ယန်ရိုမင်အား ခွက်မြှောက်လိုက်ပြီး အဝေးသို့ထွက်သွားခဲ့သည်
ယန်ရိုမင့်လက်ထဲရှိ တဝက်ပြည့်ရှိနေသေးသောဝိုင်ဖြူခွက်လေးမှာ ထုတ်ချင်းခတ်မြင်နေရလျက် မျက်နှာပြင်မှာမူ ဟိုဖက်စောင်း
လိူက်ဒီဘက်စောင်းလိုက်နှင့် ရှိနေခဲ့သည်။

ရှရှင်းချန်သူ့ဆီလာသည်အား သတိပြုမိချိန်
ထိုင်ခုံ၏နောက်ကျောအား ကပ်ကာ ခါးကိုမတ်မတ်ပြင်လိုက်လျက် ရှရှင်းချန်အား
ကြည့်နေခဲ့သည်။

တချိန်တည်းမှာပင် ဝိုင်ခွက်များဖြင့်
လူနှစ်ယောက်က  ယန်ရိုမင်ဆီသို့
ခွက်တိုက်ရန် ထပ်မံရောက်လာခဲ့ကြသည်။
ယန်ရိုမင်က ထိုသူနှစ်ယောက်နှင့် ချွင်ကနဲ မြည်အောင်ဝိုင်ခွက်တိုက်လိုက်ရင်း
ဝိုင်အနည်းငယ်အချို့တို့ဖြင့် နှုတ်ခမ်းဖျားအား စိုစွတ်စေခဲ့သည်။

ရှရှင်းချန် ခဏမျှ မသွားတော့ဘဲရပ်လိုက်သည်။သူ့စားပွဲတွင်လာထိုင်သော ကောင်မလေးများမှ ရှင်းကောဟု သူ့အား
ခေါ်လိုက်သည်မို့ သူလှည့်ကြည့်လိုက်သည်။
ထိုမိန်းကလေးက သူ့အားနှုတ်ဆက်လာသောကြောင့် သူ့ဝိုင်းမှာဘဲပြန်ထိုင်နေခဲ့သည်။

သူက လူတိုင်းနှင့်လိုက်လျောညီထွေနေတတ်သူဖြစ်သည်။ယန်ရိုမင့်ကဲ့သို့ ယဥ်ကျေးသော်လည်း သီးသန့် နေတတ်သူမဟုတ်ဘဲ
စက်အဖွဲ့သားများနှင့်လဲ တန်းတူပေါင်းသူဖြစ်သည်။အထူးသဖြင့် ရိုက်ကူးရေးအဖွဲ့များထဲကအမျိုးသမီးဝန်ထမ်းများနှင့်လည်း
လိုက်လျောညီထွေ ပြောဆိုနေတတ်သူလည်း
ဖြစ်သောကြောင့် မိန်းကလေးများ၏
ခင်မင်မျှော်ကိုးမှုကို ရရှိသူလည်းဖြစ်သည်။

ကောင်မလေးများနှင့်စကားပြောပေးနေရင်း
ထိုမိန်းကလေးများက သူ့အား ဝိုင်နီများ တခွက်ပြီး တခွက် ဆက်တိုက် သူ့ခွက်ထဲသို့
ကုန်လိုက်ပြန်ဖြည့်လိုက်နှင့်လုပ်နေခဲ့ကြသည်။ထို့ကြောင့်ပင် အလွန်စိတ်ညစ်နေလျက်သူတို့ နှင့် လူစုခွဲနိုင်ရန် ဝိုင်များအား
အလျင်စလို သောက်ပေးနေခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now