EP96(U+Z)

3.9K 447 15
                                    

...

Uni

EP 96 မင်ကောနဲ့ ကျုးထျန်းကျဲတို့ ဆုံကြသောအခါ (U)

ကျုးထျန်းကျဲက သူ့လက်အား ပြန်ရုတ်သွားပြီး ရှရှင်းချန်အား ပြောလာခဲ့သည်။

!ကိုယ့်ကို အထဲ မခေါ်တော့ဘူး !

ရှရှင်းချန်က ပြောလိုက်သည်။

!တကယ်လို့ ခင်ဗျား ပြောစရာရှိရင်
ဒီမှာဘဲ ပြောပါ !

ကျုးထျန်းကျဲက တံခါးအား လက်ဖြင့် ဖိကာ
ရှေ့တလှမ်း ရှေ့သို့ လှမ်းလာပြီး သူ့လက်မောင်းအားမြှောက်ကာ တံခါးမပိတ်စေရန် တားဆီးလာခဲ့သည်။သူက ရှရှင်းချန်ကို ကြည့်ကာ ပြောလာသည်။

!ကိုယ် မင်းနေမကောင်းဘူးကြားတယ်။
အဲဒါကြောင့် ကိုယ်မင်းကိုလာကြည့်တာ !

ရှရှင်းချန်ရဲ့ အသံတမျိုးပြောင်းလိုက်သည်။

!ကျွန်တော့်ကို  ဖျားအောင် လုပ်ပေးခဲ့လို့ ခင်ဗျားကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား ?!

ကျုးထျန်းကျဲက ရယ်လာခဲ့ပြီး စကြ်ံလမ်းအား တချက် ဟိုဟို ဒီဒီကြည့်ပြီးရှရှင်းချန် အခန်းထဲသို့ အနည်းငယ်တိုးဝင်လာရင်း ပြဦလာသည်။

!ကိုယ်ကမင်းကိူ နားလည်အောင်
သင်ပေးချင်တာပါ !

ရှရှင်းချန် မေးလိုက်သည်။

!ကျွန်တော်က ဘာကို နားလည်ဖို့ လိုတာလဲ ?!

ကျုးထျန်းကျဲက ပြောလာသည်။

!မင်း  မငြင်းပယ် သင့်တဲ့လူတွေကို မငြင်းပယ်ရဘူး ။မင်း ဒီလုပ်ငန်းထဲမှာ ခုလို ပုံနဲ့သာ နေမယ်ဆိုရင်နောက်ပိုင်းကျ မင်းဆုံးရှုံးရလိမ့်မယ် !

ရှရှင်းချန်ရဲ့ မျက်လုံးများက စက်ဆုပ်ရွံရှာနေသည့် ပုံများ ပေါ်နေလျက် ရှိနေသည်။

!ကျွန်တော်ဒီလောကထဲကို ရောက်တာ
6နှစ် 7နှစ်ရှိပြီ၊ခင်ဗျားလို လူမျိုး ဒါက
ပထမဦးဆုံးအကြိမ် မြင်ဖူးတာဘဲ !

ကျုးထျန်းကျဲရဲ့ ပုံစံက ချက်ခြင်းပင် ပြောင်းလဲ သွားသည် ။သူ့ပုံစံက သူရဲ့
စိတ်ခံစားမှုတွေကို ထိန်းချုပ်ရန် ကြိုးစားနေပုံရလျက် ပြောလာသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Unde poveștirile trăiesc. Descoperă acum