EP106(U+Z)

3.2K 418 44
                                    

....

Uni

EP106 ကျွန်တော့်ရဲ့ ကောင်းချီး(U)

ရှရှင်းချန် ပိုင်ယီရဲ့ အမှန်တရားထောင်ချောက်အား ယန်ရိုမင်နှင့်အတူ ဖတ်ခြင်းအား အဆုံးသတ်ပြီးနောက် သူ ကနောက်ဆုံးစာမျက်နှာအားလှန်လိုက်ရင်း
ပြောလိုက်တယ်။

!မင်ကော ဒါကို သရုပ်ဆောင်သင့်တယ်လို့ထင်တယ်!

ဆိုဖာတွင်ထိုင်နေသော ယန်ရိုမင်က ရှင်းချန်အား သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်ရင်း ဆံပင်လေးများအား ဖွဖွလေး ပွတ်သပ်လိုက်တယ်။

!ဒီဇာတ်လမ်းလေး အတော်ကောင်းတယ် ~!

ရှရှင်းချန်ကပြောလိုက်တယ်။

!ဒါရိုက်တာဟယ်ကျန်းသာ အသက်သွင်းလိုက်ရင် အတော်ကို အံ့သြဖွယ်ကောင်းတဲ့
ရုပ်ရှင်တကား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် အသေအချာကြီး သိနေတယ်။
ဒီလို မြန်မြန်ဆန်ဆန်ကြီး လက်လျော့လိုက်ဖို့ မကြိုစားပါနဲ့လား~~ ဟင် !

ယန်ရိုမင်က ပြန်ပြောလာတယ်။

!ကိုယ်ထပ်ပြီး အဲဒါကို စဥ်းစားပါ့မယ် !

ဟယ်ကျန်းရဲ့ အနေအထားက အလောတကြီးတော့ ရှိပုံမရ ဘူး ။ထိုနေ့က တွေ့ဆုံပြီးချိန်ထဲက သူတို့နှစ်ဦးနဲ့ ထပ်မံ ဆက်သွယ်လာခြင်းပင်ရှိမနေသေး။

ရှရှင်းချန်က ယန်ရိုမင်ကဲ့သို့ မဟုတ်ဘဲ သူ
ဒရမ်မာ တွေကိုလည်း မရိုက်နိုင်သေး သိူ့မဟုတ် ခရီးသွားခြင်း သို့မဟုတ် ကာလရှည်ကြာ သော စီးပွားဖြစ် ပရိုဂရမ် ရိုက်ကူးခြင်းများ ကဲ့သို့ လဲ မလုပ်နိုင်သေး။
သူ့ ရဲ့ ကိုယ်ပိုင် အလုပ်အတွက် ပိုမို ကောင်းမွန်နိုင်မည့် ကာရိုက်တာ အခန်း ကဏ္ဍများအတွက်ကိုသာ စဥ်ဆက်မပြတ်လက်ခံရမည်သာဖြစ်နေခဲ့တယ်။

သူက ယန်ရိုမင်ရဲ့ အကြံပေးမှုဖြင့်
ဟွမ်ကျီရှင်း ပြောတဲ့ ဒရမ်မာ အား လက်မခံဖြစ်ဘဲ ထို့အစား မော်ဒန် ရုံးတွင်း ဇာတ်လမ်း
ဒရမ်မာတစ်ခုအား ကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်အရည်အချင်းပြည့်ဝကောင်းမွန် တဲ့ အမျိုးသမီးဇာတ်ဆောင် မင်းသမီးတစ်ဦးနဲ့အတူ ရိုက်ဖို့ လက်ခံခဲ့လိုက်တယ်။ထို ဇာတ်လမ်း လေးရဲ့ ရိုက်ကူးမှုက လေးလလောက် ကြာမြင့်မှာဖြစ်ပြီး သူက အမျိုးသားအဓိက ဇာတ်ဆောင်အဖြစ်ရိုက်ကူးရမှာဖြစ်သည့်အပြင် ထို ဇာတ်ကောင်က အရေးကြီးတဲ့ လုပ်ကွက်အပြည့်ဇာတ်ဝင်ခန်းတွေပါဝင်တာမို့ သူအသေအချာအားစိုက်ရမည်ပင်ဖြစ်တယ်။ ဆိုလိုသည့် သဘောကတော့ သူ့ အိမ်ထောင်ဦးစီး ယန်ရိုမင့်ကို လေးလလုံးလုံး ပင်မတွေ့နိုင်လောက်ဘူး ဖြစ်တယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now