EP7(Z)

1.2K 74 0
                                    

Zawgyi

ရှရှင်းချန်သည် စက်အဖွဲ့သားက
သူ့အတွက် အထူးပြင်ဆင်ပေးထားသည့်
ကျောမှီကုလားထိုင်ပေါ်တွင်
ခဏမျှအနားယူလျက်ထိုင်နေလိုက်သည်။
သူသည် လက်အားခေါင်းပေါ်တင်လိုက်ရင်း
သူ့မျက်နှာပေါ်နှင့်လည်ပင်းရှိ ချွေးများအား
လက်ထောက်က ပေးလာသော
လက်သုတ်စက္ကူဖြင့် သုတ်နေခဲ့လိုက်သည်။

ဟွမ်ကျီရှင်းသည် သူ့ထိုင်ခုံဘေးရှိ ခုံပုလေးတွင် ဝင်ထိုင်လာသည်။သူအခြေအနေမကောင်းဘူးဆိုတာ မြင်တော့
အသံတိုးတိုးဖြင့် ကပ်မေးလာသည်။

!မင်း ဘာဖြစ်နေတာလဲ အခုက
အဆင်မပြေတာရှိလို့လား
အကုန်ကောင်းနေ အဆင်ပြေနေတာဘဲကို !

ဟွမ်ကျိရှင်းက ထိုသိုမေးလာ
ပြောလာခြင်းမှာသူယခင်ရိုက်ခဲ့သော
drama အတော်များများများသည်
ဇာတ်ဝင်စကားများများစွာပြောကာ
သရုပ်ဆောင်ခဲ့ရပြီးများစွာပင်ပန်း
ခဲ့ရသော်လည်း ဘယ်သောအခါမှ
သူ့ပါးစပ်က ငါ ဒီထက်ပိုပြီး
မတတ်နိုင်တော့ဘူးထင်တယ်ဟူသော စကားက
ဘယ်သောအခါမှ မထွက်ဖူးခဲ့သောကြောင့်ပင်ဖြစ်သည်။ယခုတွင်မူ
စကားသည်လည်းများများပြောစရာမလို
အမူအရာသည်လည်း အနည်းငယ်သာ
လုပ်ရသည်မို့ ဘေးကနေကြည့်ပါက
အလွန်ပင် အဆင်ပြေသက်သာသော
အနေအထားတွင်ရှိနေသော်လည်း
ရှရှင်းချန်၏ အခြေအနေသည်
ယခင် ရုပ်ရှင်ရိုက်ကွင်းများတွင်
ဖြစ်လေ့မရှိသော အခြေအနေတွင်ရှိနေသည်ဟုလည်း ယူဆလိုက်သောကြောင့် ဖြစ်သည်။

ရှရှင်းချန်သည် ဘာပြန်ပြောရမှန်းပင်မသိတော့သလိုဖြစ်နေခဲ့သည်။ဒီဇာတ်ကွက်တွင်
သူ၏သရုပ်ဆောင်မှုက ဘာမှပင်
နင့်နင့်သီးသီးမရှိခဲ့ ။ယန်ရိုမင် တစ်ဦးတည်းကသာ သူ့အားဦးဆောင် လျက်ဆွဲခေါ်ခဲ့ခြင်းသာ။

ဟွမ်ကျီရှင်းကပြောသည်။

!မင်းစကားအပြောအဆို ဆင်ခြင်ဖို့
ငါပြောနေတာ!

ယောက်ျားလေးနှစ်ဦးကြား
ချစ်ပွဲဝင်ခန်းအားရှရှင်းချန် ဖက္က
လက်မခံနိုင်ဘဲ ဆက်မရိုက်မှာကို
သူကြိုတွေးလိုက်မိသောကြောင့်ဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now