EP36(U+Z)

2.9K 428 11
                                    

.EP36..နွေရာသီ အချစ်ဇာတ်လမ်း၏အဆုံးသတ် (U)

.နွေရာသီအပူက လျော့ကျမလာသေးလျက်
နိုင်လွန်ကတ္တရာလမ်းမပေါ် သို့ကျရောက်နေသော နေရောင်ခြည်က ဖြူဖွေးစွာတောက်ပနေခဲ့သည်။သို့သော် ဒီနေ့သည် ဖန်ကျင့်ယွမ်
ဘဝတစ်လျှောက်လုံး၏မမေ့နိုင်စရာနေ့ဖြစ်ပြီး ပျော်ရွှင်ခဲ့ရသော နွေရာသီအားလပ်ရက်
လေးသည် လုံးဝပင်အဆုံးသတ်သွားတော့မည်ဖြစ်လေသည်။

နေ့လည်ခင်းတွင် သူသည် ကုန်စုံဆိုင်ကောင်တာတွင် တစ်ယောက်တည်းထိုင်နေခဲ့သည်။သူ့အမေမှာ နေပြန်ကောင်းလာပြီဖြစ်သော်လည်း အနောက်ဖက်အခန်းတွင်
မာကျောက်ကစားရန် သွားလေသည်။
သူနှင့်အတူ ကစားပေးမည့်သူမရှိလျှင်တောင်
ဖန်ကျင့်ယွမ်ကိုသာဆိုင်ထိုင်ခိုင်းလိမ့်မည်သာဖြစ်သည်။

ဖန်ကျင့်ယွမ်ဘောပင်တစ်ချောင်းကိုင်ကာ
သတင်းစာဟောင်းပေါ်၌ ပျင်းပျင်းရှိသည်နှင့် ရောက်တတ်ရာရာ ရေးခြစ်နေခဲ့လျက်ရှိနေသည်။ဆိုင်ထဲသိူ့ အမျိုးသမီး တစ်ဦး ဝင်ရောက်လာခဲ့သည်နှင့် သူရဲ့ လှပသော နွေရာသီ အချစ်ဇာတ်လမ်းတစ်ပုဒ် မလှပစွာ
အလှည့်အပြောင်းဖြစ်ခဲ့ရလေသည်။

ထိုအမျိုးသမီးသည် ပခုံးလောက်ထိ ဆံပင်ရှိပြီးအသက်မှာ27/ 28လောက်ရှိပြီဖြစ်သည်။
ချောသည့်လှသည့်အထဲ မပါသော အနေအထားတွင်ရှိသော်လည်း အရပ်ရှည်သူဖြစ် ပြီးအဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားလျက်နှုတ်ခမ်းနီကပါ ဆိုးထားလိုက်သေးသည်။

သူမသည် ကုန်စုံဆိုင်ကောင်တာတွင်ရပ်ပြီး
ဖန်ကျင့်ယွမ်အား မေးလာသည်။

!မောင်လေး ယွီဟိုင်ရန်က ဒီမှာနေတာလား!

ဖန်ကျင့်ယွမ်က ကောင်တာမှ ပျင်းရိစွာထလိုက်ကာ မတ်မတ်ရပ်လိုက်ရင်း
သူမကို စေ့စေ့ကြည့်ကာမေးလိုက်သည်။

!ဘာကိစ္စရှိလို့လဲ !

ထိုအမျိုးသမီးသည် လက်ကိုင်အိတ် တလုံး
နှင့်အတူ ခရီးဆောင်အိတ် အကြီးတလုံးပါ
ယူလာသည်ကိုလည်းတွေ့ရသည်။
သူမက ပြောလာသည်။

!အမ သူ့ကို ရှာနေတာပါ
သူဒီမှာ နေတယ်မလား!

ဖန်ကျင့်ယွမ် ဘောပင်အား လက်ထဲမှ ကိုင်ထားရင်း သူ့မျက်တောင်များမှာအနည်းငယ်
တုန်လှုပ်နေလျက်

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Kde žijí příběhy. Začni objevovat