EP83(U+Z)

3K 559 7
                                    

...

Uni
EP 83 ရှရယ်ရဲ့အပြုအမူများ (U)

ရှရှင်းချန်က သွားရန်သာ ဆက်တိုက်တွန်းနေသည်။နောက်ဆုံးတွင် ရှရယ် ကားထဲမဝင်ခင် ဆေးလိပ်မီးအား ငြိမ်းသတ်လိုက်ပြီး
VIp ကားပါကင် ဧရိယာဖက်သို့ ကားမောင်းလာခဲ့သည်။

သူက ကားမောင်းနေရင်းပင်မကျေမနပ် ငြီးညူနေဆဲ ဖြစ်သည်။

ရှရှင်းချန် သု့ကို မေးလိုက်သည်။

!ပါးနဲ့ မား ဘယ်လိုနေလဲ !

ရှရယ်က ! သူတို့ နေကောင်းတယ် !

ရှရှင်းချန် ထပ်မေးလိုက်တယ်။

!မရီးကော နေကောင်းလား ?၊
သူကော အားလပ်ရက် ရပြီပေါ့ !

ရှရယ် ပြောလာတယ်။

!ဘယ်ကသာ အားလပ်ရက်ရမလဲ ၊ဒီနှစ်ရဲ့ နောက်ဆုံးနေ့ နှစ်ရက်လောက်ဘဲ အားမှာ ၊
ငါက သူ့ကို အလုပ်ထွက်ပြီး အိမ်မှာဘဲ ကလေးတွေနဲ့ အတူ ပါးနဲ့ မားကို
စောင့်ရှောက် ပြုစုပြီး နေပါဆိုတာကို
သူက ငါ့စကားနားမထောင်ဘူး !

ရှရှင်းချန် ရယ်မောလိုက်တယ်။

!ကော ကျွန်တော့်ရှေ့မှာ မရီး အကြောင်းပြောနေတာတော့ ဘာမှမဖြစ်ဘူး၊
မရီး ကြားအောင်တော့ သွားမပြောနဲ့ ၊
တော်ကြာ မရီး ကောကို ရိုက်နေမှာစိုးလို့ !

!သူကဘဲ ငါ့ကို ရိုက်မှာ လား ၊
ငါကဘဲ သူ့ကို ရိုက်မှာလား
မင်း စောင့်ကြည့် !

ရှရယ်က လှောင်ပြောင်ကာ မယုံကြည်စွာ ပြောလာတယ်။

VIP ကားပါကင်က သေးငယ်ပြီး သူတို့ ဝင်ပေါက်ကို ရောက်တဲ့အခါ ရှရှင်းချန်
တစ်စုံတစ်ယောက်အား လေဆိပ်ထွက်ပေါက်နား အကွာအဝေး တစ်နေရာမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သူက ချက်ခြင်းဘဲ ပြောလိုက်တယ်။

!သူ ထွက်လာပြီ ၊အမြန် သွားမယ် !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now