EP94(U+Z)

3.2K 417 15
                                    

...

Uni
EP94 အိပ်မက်လား တကယ်လား (U)

အရေးကြီးသော မြင်ကွင်းတစ်ခု အား ယနေ့ ရိုက်ကူးရန် ဖြစ်သည်။၎င်းက ရုပ်ရှင်တစ်ခုလုံး၏အထွဋ်အထိပ် ဖြစ်သည်။

အစပိုင်းက မိသားစု တစ်စုလုံးခရီးထွက်ဖို့ ဖြစ်ပြီး အဲနေ့က အိမ်၌ ဘယ်သူမှရှိမနေသင့်ဘူး ဖြစ်သည်။သိူ့သော် အိမ်မှာက နားလေးတဲ့ အိမ်အကူသာကျန်နေခဲ့မည် ဖြစ်သည်။
ချွမ်းချန်ကျင်း နဲ့ သူ့ရဲ့ ရည်းစားက ပိုက်ဆံခိုးဖို့ အိမ်သို့ ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ကြပြီး
ရလာဒ်အနေနဲ့ သူ့ ကောင်မလေးမှာ
ကျားလီကျီး ကို သတ်ရန် အိမ်အပြင်သိူ့ထွက်သွားရာမှ အိမ်သို့ ပြန်လာတဲ့ ချွမ်းပုချုံရဲ့
မှားယွင်း သတ်ဖြတ်ခြင်းအား ခံလိုက်ရခြင်း
ပင်ဖြစ်သည်။

ချွမ်းပုချုံက ကြောက်လန့်နေသော
ချွမ်းချန်ကျင်း နဲ့ သူ့ရည်းစား အလောင်း ကိုပင် ဖုံးကွယ်ထားလိုက်သည်။တချိန်တည်းမှာဘဲ ကောင်းဟိုင်က ကျားလီကျီးနှင့် ကားမောင်းပြန်လာကြသည်။ချွမ်းပုချုံ နှင့်
ချွမ်းချန်ကျင်းက တို့က သူတို့နှစ်ယောက်အား အတူတကွသတ်ပြီး ကောင်းဟိုင်ရဲ့ အလောင်းအား သူ့ကားထဲတွင်ဝှက်ထားရန် ဆုံးဖြတ်လိုက်ကြပြီး အမျိုးသမီးနှစ်ဦးအား သတ်ကာ ထွက်ပြေးသူအဖြစ် ပြုလုပ်မည်ဖြစ်သည်။

ထို့နောက်သူတို့ရိုက်ကူးမည့်အပိုင်းက ဗီလာရဲ့ ဥယျာဥ်ထဲမှာ ရိုက်ကူးမည်ဖြစ်သည်။
ရှရှင်းချန်  (ချွမ်းချန်ကျင်း)နဲ့ ကျုးထျန်းကျဲ (ကောင်းဟိုင်)တို့ နပန်းလုံးသတ်ပုတ်ခန်းပင်ဖြစ်သည်။

ရိုက်ကူးရေးက ညဖက်အချိန်ရိုက်ရခြင်းဖြစ်သည်။

ရှရှင်းချန်နှင့် ကျုးထျန်းကျဲ တို့ အိမ်သာထဲတွင် စကားပြောဆိုပြီးသည့် နေ့လည်ထဲကပင် သူတိူ့နှစ်ဦး မျက်နှာချင်းမဆိုင်ဖြစ်ခဲ့။

ရှရှင်းချန် အတော်လေး နေမကောင်း ဖြစ်ချင်နေသည်။ကျုးထျန်းကျဲနှင့် စကားအချေအတင် အဖြစ်အပျက်အပြင် သူနှင့် ယွမ်ချီအန်းတို့ အကြား မနှစ်မြို့ဖွယ်
ကောလဟာလ များကြောင့်လဲ ဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now