EP149(Extra3.6)(U)

1.4K 133 0
                                    

....

Uni

A Marked Prosecutor Han

ဟန်ကျန့်၏အသက် (56)နှစ်မြောက်မွေးနေ့က အထူးအခြားစီစဥ်ခဲ့ခြင်းတော့မဟုတ်ခဲ့။
သူကမိတ်ဆုံစားပွဲတစ်ခုလုပ်ပြီးသူငယ်ချင်း အနည်းငယ်နှင့်မိသားစုအနည်းငယ်ကိုသာဖိတ်ကြားခဲ့သည်။ထိုနေ့၏နေ့လည်ပိုင်း၌
မွေးနေ့ပွဲသို့ကျင်းပရန်လာရောက်ကြသူများသည်ဟန်အိမ်သို့တဖွဲဖွဲဖြင့်ရောက်လာခဲ့ကြသည်။အိမ်ရှေ့ရှိ မြင်ခင်းပြင်ကျယ်ကြီးအားကျော်နင်းဖြတ်ကျော်ပြီးအနောက်တိုင်းပါတီ ကဲ့သို့ပင်ရှိနေသည်။

ဟန်ပေါ်ဟန့်သည် ဝတ်စုံနှင့်လည်စည်းအား
ကျော့မော့စွာပင်ဝတ်ဆင်ထားခဲ့သည်။
အဆိုပါဝတ်စုံသည်ကသူ၏ပုံသဏ္ဌာန်အား
လုံးဝပင်ပြီးပြည့်စုံလျက်ရှိနေချေသည်။
ရှည်လျားဖြောင့်စင်းသည့်ခြေတံနှင့်သေး
ကျဥ်းသောခါးတို့အားလှပစွာထုတ်ဖော်ထားသည်။သူ၏ပုံစံကအရပ်ရှည်ရှည်နှင့်
ချောမောကြည့်ကောင်းလျက်ရှိနေခဲ့သည်။

သူသည်လူမှုရေးဆက်ဆံမှုနယ်ပယ်၌ ကျွမ်းကျင်သူမဟုတ်ခဲ့သည့်တိုင် ,သူက
ဟန်ကျန့်၏တစ်ဦးတည်းသောသားဖြစ်
သောကြောင့်ပထမထပ်ရှိဧည့်ခန်းဆောင်သို့လာသောဧည့်သည်များကိုလက်ခံရန်မှတပါး
အခြားရွေးချယ်စရာပင်မရှိခဲ့။ယခုပွဲ၌ ငယ်ရွယ်သောအယ်ဖာများမြောက်မြားစွာပင်
ရှိနေခဲ့ပြီးသူတို့၏အကြည့်များစွာကသူ့ခြေ
လှမ်းတိုင်းဆီသို့လိုက်လာနေကြပေမယ့်
ဟန်ပေါ်ဟန့်ကထိုသူတို့အားဂရုပင်မစိုက်မိခဲ့ ၊သူနှင့် မျက်နှာချင်းဆိူင်နေသည့် မည်သူ့ကို
မဆို သူယဥ်ကျေးစွာပင်ဆက်ဆံနေလျက်ရှိ
နေခဲ့ရသည်။

ကျန်ရှုကျန်းသည်လည်းဘဲ တက်ရောက်လာ
ခဲ့သည်။သူက ဟန်ကျန့်၏ကျောင်းသားဟောင်းအဖြစ်တက်ရောက်လာခဲ့ပြီးဟန်အိမ်
၏ရင်းနှီးကျွမ်းဝင်သောသူတစ်ဦးအနေဖြင့်
ပွဲသို့လာရောက်သည့်ဧည့်သည်များအား
ဝင်ရောက်နှုတ်ဆက်၍နေရာချထားပေးရင်း
အိမ်ရှင်၏အခန်းကဏ္ဍတစ်ဝက်မျှဝင်ရောက်
လုပ်ကိုင်ပေးလာခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now