EP23(U+Z)

2.8K 485 13
                                    

.သူတို့ညစာစားပြီးချိန်တွင် ဖန်ကျင့်ယွမ်၏
မာမားသည် စားပွဲအား သိမ်းဆည်းရှင်းလင်းနေပြီး ဖန်ကျင့်ယွမ်ကမူ ဘီယာပုလင်း
အခွံလွတ်များအား နောက်တနေ့တွင်
ပုလင်းခွံလာသိမ်းသည့်သူများအား
စုပြီး ပေးလိုက်ရန် ကုန်စုံဆိုင်ဖက်သို့
ယူသွားလိုက်လေသည်။

ယွီဟိုင်ရန်က ဧည့်သည်တစ်ဦးဖြစ်သည်မို့
ပုံမှန်အားဖြင့် အနားယူရန် ပြန်ရမည်ပင်
ဖြစ်လေသည်။

ကုန်စုံဆိုင်၏မီးခလုတ်သည် တံခါးနားတွင်ရှိနေပြီး ထိုမီးခလုတ်အား သွယ်ဆက်လျက်
ချိတ်ဆတ်ထားသောကြိုးသည် အနောက်ဖက်ရှိမီးဖိုချောင်မှ သွယ်တန်းထားခြင်းဖြစ်လေwသည်။ဆိုင်ထဲတွင် အတော်ပင်မှောင်မိုက်နေပြီ ဖြစ်သော်လည်း ဖန်ကျင့်ယွမ်သည် မီးခလုတ်အားထဖွင့်ရန် အလွန်ပင်ပျင်းရိလွန်းနေခဲ့လျက်ရှိနေသည်။

ရှရှင်းချန် တဖြစ်လဲ ဖန်ကျင့်ယွမ်သည်
မြေပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်နေရင်း
ဘီယာပုလင်းတစ်လုံးချင်းစီအား
ပလပ်စတစ် ခြင်းအကန့်များထဲသို့ ထည့်နေခဲ့လေသည်။ဖန်ကျင့်ယွမ်သည်သူ့ နှလုံးသားထဲက ခံစားချက်များအား ထုတ်ပစ်နိုင်ဖိူ့အတွက်အင်အားအချို့အား မွေးမြူလိုက်ရင်းမြန်မြန်ဆန်ဆန်ပင်အလုပ်အားဖိလုပ်နေလျက် ရှိနေသည်။

ဖန်ကျင့်ယွမ်၏စိတ်ခံစားမှုများ၌ လုံးလုံးပင်
နစ်မြုပ်သွားခဲ့သော ရှရှင်းချန်သည်
သူ၏လှုပ်ရှားမှုများကို သေချာကျနစွာစီစဥ်ရန်မလိုအပ်ခဲ့ဘဲ သဘာဝကျစွာ သရုပ်ဆောင်နေခဲ့လေသည်။
သူ၏တုံ့ပြန်မှုများသည် ပင်ကိုယ်အသိစိတ်
ဖြင့်ပင် မွေးဖွားလာလျက် သူစိတ်သည်လည်းတကယ်အမှန်ကြီးကို စိတ်ဆိုးနေ
လျက်ရှိနေခဲ့သည်။

ထိုအချိန်တွင် ယန်ရိုမင် တဖြစ်လဲ ယွီဟိုင်ရန်သည် သူ့ဆီသိူ့ လာပြီး တံခါးအား မှီလျက်
သူ့ကို ကြည့်နေခဲ့သည်။

ရှရှင်းချန်သည် ဘီယာပုလင်းအကုန်များအား
ဖယ်ထုတ်လိုက်ပြီး နောက် အသစ်များအားအစီအရီထည့်လိုက်ရင်း ပလပ်စတစ်ခြင်းအစွန်းနှစ်ဖက်အားဆုပ်ကာတဖက်တွင်
စုပုံလျက် ခြင်းများအားအစီအရီထပ်လိုက်လေသည်။ထိုအချိန်တွင် ပလပ်စတစ် ခြင်းအား အားဖြင့်ဆွဲယူလိုက်ချိန်၌ အနည်းငယ် အက်နေသော အကန့်ပါပလပ်စတစ်ခြင်း၏
အစွန်းနှင့် ခိုက်မိပြီး သူ့လက်ဖဝါးတွင်
ပြတ်ရှရာတစ်ခု ဖြစ်သွားခဲ့လေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now