EP145(Extra3.2)(U)

1.5K 143 0
                                    

...

Uni

ဆောင်းယန်ယန်၏
ဆွန်းဟန် ABO Fanfiction

ဆွန်းယောင်ကဟန်ပေါ်ဟန့်၏အသနားခံမှုအားတုံ့ပြန်ခြင်းမရှိခဲ့။သူနှာခေါင်းက
ဟန်ပေါ်ဟန့်၏ဂလင်းပေါ်၌သာဖိကပ်ရင်း အသက်ပြင်းပြင်းတချက်ရှုလိုက်သည်။
သူတို့၏ပရိုမုန်းတွေကအဆိပ်တစ်ခုကဲ့သို့
ဖြစ်နေပြီးတစ်ဦးနှင့်တစ်ဦးထိခိုက်စေလျက်
ရှိနေခဲ့သည်။အခြားတစ်ဖက်တွင်လည်း
သူတို့ကမက်မောတောင်းတလျက်အငမ်းမရပင်ဖြစ်စေနေသည်။ကျန်တစ်ဖက်၌မူ ,
သူတို့ဆက်လက်ခုခံနိုင်ဖို့ရာမရပ်တန့်နိုင်ဘဲရှိနေခဲ့သည်။

ဟန်ပေါ်ဟန်၏ဆံပင်များကပရိုမုန်းနံ့တို့ဖြင့်
ပြည့်နှက်သည့်ချွေးတို့ဖြင့်ရွှဲရွှဲစိုလျက်ရှိနေခဲ့သည်။အကယ်၍ အယ်ဖာထံမှသာကယ်ဆယ်လာခြင်းမရရှိနိုင်ပါက ,သူ၏ဟိက နှစ်ရက်သို့မဟုတ်သုံးရက်ကြာမျှတိုင်အောင်ဆက်ရှိနေဦးမည်သာဖြစ်သည်။

ဆွန်းယောင်ကဟန်ပေါ်ဟန့်ပရိုမုန်းများ၏ တိုက်ခိုက်လာမှုကြောင့်သူ၏စိတ်အစဥ်အား ဆုံးရှုံးရမည်ကိုသဘောပေါက်မိသည်။သို့သော်သူကအယ်ဖာတစ်ယောက်ဖြစ်ပြီးအကြောင်းက အယ်ဖာတို့သည်မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းပိုမိုမြင့်မားကြပြီး
သူတို့၏ဆက်ဆံရေး၌သူတိူ့ကအဓိကလုပ်ဆောင်သူဖြစ်သည်၊ ရလာဒ်အနေဖြင့်
သူ၏နောက်ဆုံးသောဆုံးဖြတ်ချက်အားရှင်းလင်းပြတ်သားစွာပင်ကိုင်စွဲထားခဲ့ပြီး
ထိန်းသိမ်းနေလျက်ဟန်ပေါ်ဟန်၏လည်တိုင်ကိုထိမိနေရာမှ သူ့နှုတ်ခမ်းတိူ့အားရွေ့လိုက်သည်။ထို့နောက်သူပြောလိုက်သည်။

!မလုပ်ဘူး ...အဲ့ဒါကိုတောင့်ခံလိုက်ပါ !

ဟန်ပေါ်ဟန့်၏မျက်ဝန်းများ၌မျက်ရည်များပင်ဖုံးလွှမ်း နေလျက်တသွင်သွင်ပင် စီးကျနေခဲ့ရင်းမျက်ဝန်းတိူ့သည်ကလည်းတဖြေးဖြေးနှင့်ပင် မဲမှောင်လာခဲ့သည်။သူက
ဆွန်းယောင်၏နှုတ်ခမ်းများအားရှာဖွေရန်
သူ့ခေါင်းအား ရှေ့ဖက်ဆီသို့ ရွေ့လျားလာသည်။

အိုမီဂါ၏ဟိက အလွန်ပင်ကြောက်စရာကောင်းလှသည်။အိုမီဂါ၏ ခန္ဓာကိုယ်က
သိသာသောဖော်ပြချက်နှင့်အတူ ဟိအား
ခက်ခဲစွာဖြတ်သန်းရနိုင်ကြောင်းသူငယ်စဥ်ကတည်းကပင်ကျောင်းသင်ခန်းစာများ၌ သင်ကြားခဲ့ရဖူးသည်။အများစုကမူ အခြေအနေအားတည်ငြိမ်စေရန်နှင့် တပါးသူအားမှီခိုမှုကင်းစေဖို့ ဟိဖြစ်နိုင်သည့်အခြေအနေတွင် နာကျင်မှုကို သက်သာစေရန် ဆေးကုသမှုကိုသာအားကိုးလေ့ရှိခဲ့ကြသည်။ ယခုအကြိမ်ကသူနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသောအယ်ဖာအနီး၌ ဟိအခြေအနေသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အခြားသူ၏အဆုံးမသတ်နိုင်သည့်ပရိုမုန်း
စီးဆင်းမှုကသူ့ခန္ဓာကိုယ်တွင်းရှိအပေါက်ငယ်များသို့ပင်ဖုံးလွှမ်းလျက်ရှိနေသည်။
ထိုမှတဆင့် နက်ရှိုင်းစွာပင်နှစ်မြုပ်သွားခဲ့ရင်း
သူ့ဦးနှောက်များအားအသိစိတ်ကင်းမဲ့သွားစေလာပြီးနောက် လိုအင်ဆန္ဒများအားအမိန့်တစ်ခုကဲ့သို့ခိုင်းစေကာသူ့ ခန္ဓာကိုယ်၏ဟိကို ပိုမိုဆိုးဝါးလာစေမည်သာဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now