EP84(U+Z)

2.9K 425 7
                                    

..

Uni

EP84မိသားစု နှင့်အတူ (U)

ရှရှင်းချန်ရဲ့ မရီးက ဖန်းရင်လို့ခေါ်တယ်။သူမက ပိန်ပါးသေးသွယ်သူဖြစ်သော်လည်း သိပ်ပြီးလှပသူတော့မဟုတ်ခဲ့။သိူ့သော် သူမက အလွန်ရည်မွန်သူဖြစ်သည်။

ရှရှင်းချန်ရဲ့ မိဘများဖြစ်သော ပါပါးရှ က အသက်60နီးပါးရှိပြီး ပိန်သွယ်မြင့်မားက သွက်လက်မာချာတုန်းပင်ရှိသေးပြီး မာမားရှက နူးညံ့သိမ်မွေ့ကာကျက်သရေရှိသည့် အသွင်အပြင်က သူမအသက်အားမဖုံးကွယ်ထားခဲ့။

ရှရှင်းချန်မှာ သွက်လက်ပြီးချစ်စရာကောင်းတဲ့ တူလေးနှစ်ယောက်လဲဘဲရှိသေးတယ်။
သူတို့ အမည်ပြောင်လေးတွေက တင်းတင်းနဲ့ တုံတုံ ဖြစ်ပြီး ယခုမှအသက်5နှစ်သာရှိနေသေးတယ်။

ယန်ရိုမင်က သူ့ ခရီးဆောင် သေတ္တာအားဧည့်ခန်းထဲတွင် ဖွင့်ပြီး ရှင်းချန်ရဲ့ မိသားစုအတွက် ဝယ်ယူခဲ့သော လက်ဆောင် ပစ္စည်းများကို ပေးခဲ့သည်။ထို့နောက်ပါပါးရှက သူ့ကို ထမင်းစားခန်းတွင်ထိုင်ရန်ဖိတ်ခေါ်ခဲ့ပြီး မိသားစုတစ်ခုလုံးနှင့်အတူ ညစာစားခဲ့ကြသည်။

အိမ်တွင်းတစ်ခုလုံး လင်းထိန်တောက်ပနေခဲ့ပြီး နွေးထွေးသောအခန်းထဲ၌ လေနှင့်အတူ ပါလာသောအစားအသောက်ရနံ့တိူ့က စွဲမက်နှစ်သက်စရာကောင်းနေခဲ့သည်။တုံတုံက ယန်ရိုမင်နှင့် ပတ်သက်ပြီး စူးစမ်းနေစဥ် တင်းတင်းက အိမ်တစ်ခုလူံးကိုပတ်ပြီး သူ့ကားလေးအားစီးနေခဲ့သည်။သူက ဆောင့်ကြောင့်ထိုင်နေရာမှထကာ ယန်ရိုမင့် ဘောင်းဘီအား ဆွဲကာသူ့ခေါင်းလေးအား စောင်းကြည့်ရင်းမေးလာသည်။

!ဦးလေးက စူပါစတားလား !

ဖန်းရင်က သူမသားအား ငုံ့ကာချီလိုက်ပြီး
ရှရယ်ဆီ လှည့်ပေးကာ ပြောလိုက်တယ်။

!နင့် သားကို အဝေးကိုခေါ်သွားလိုက် ၊လူကြီးတွေကို လိုက်ရှုပ်မနေစေနဲ့ !

ထိုအချိန်တွင် ရှရယ် သူ့ဂျာကင်အား
ချွတ်လိုက််ရပြီး စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်လျက် တုံတုံအား သူ့လက်များဖြင့် ဆွဲခေါ်လိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now