EP140(Extra2.1)(U)

2.7K 325 9
                                    

....

Uni

Film Emperor


ထိုက်ရှောင်ရွှမ် က အသံဖမ်းစက်လေးအား
စားပွဲပေါ်တင်ထားလိုက်ပြီး သူ့မရှေ့မှ ကော်ဖီအား ယူလိုက်သည်။တငုံမျှသောက်လိုက်ရင်း
သူမရှေ့မှရှရှင်းချန်အား တိတ်တဆိတ်ပင် အကဲခတ်နေခဲ့သည်။

ရှရှင်းချန် သူတို့ရဲ့မဂ္ဂဇင်းတိုက်အတွက်
ဓာတ်ပုံရိုက်ကူးမှုပြီးစီးသွားပြီဖြစ်သည်။
သူ့ရဲ့လက်ထောက်ကသူ့မျက်နှာပေါ်ရှိ မိတ်ကပ်များအားဖယ်ရှားပေးလျက်ရှိနေခဲ့သည်။လက်ထောက်အမျိုးသမီးငယ်အား
ထိုက်ရှောင်ရွှမ်းသိသလောက်ထိုအမျိုးသမီးကရှရှင်းချန်ရဲ့ဘေး၌ နေထိုင်ခဲ့သည်မှာ
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုက်ရှောင်ရွမ်းသည်လည်းတချိန်ကရှရှင်းချန်အားအလွန်အမင်းရူးသွပ်ခဲ့သူဖြစ်သည်။လွန်ခဲ့သော လေးနှစ်ကျော်ငါးနှစ်ပတ်လည်က !GD !အား စတင်ပြသခဲ့ချိန်ကသူမနှင့်
သူမအသက်အရွယ်မိန်းကလေးများက ထိုရုပ်ရှင်အားဒေါင်းလုပ်လုပ်၍ကြည့်ရန်အင်တာနက်၌ အသည်းအသန်ပင်ရှာဖွေခဲ့ရသည်။အဆုံးသတ်က ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့တောင် သူမ ထိုရုပ်ရှင်အား စုစုပေါင်း (10)ကြိမ်ထက်မနည်းအကြိမ်ကြိမ်အခါခါပင် ပြန်ကြည့်သည်အထိ ရူးသွပ်ခဲ့ရသည်။
အကယ်၍ ယခုအချိန်တွင်သူမရဲ့မျက်လုံးများကို ပိတ်လိုက်ပါက ရုပ်ရှင်ထဲရှိ ဇာတ်ဝင်ခန်းများနှင့် ဇာတ်ကွက်စကားပြောများကိုပင်
ယခုချိန်ထိတိုင် မှတ်မိနေဆဲရှိနေခဲ့သည်။

သို့သော်,အချိန်တွေကုန်လွန်လာသည်နှင့်အမျှထိုက်ရှောင်ရွှမ်းလည်းကြီးပြင်းလာခဲ့ပြီး
သူမရဲ့ကိုယ်ပိုင်အလုပ်နှင့်ဘဝအားဦးစားပေးခဲ့ရသည်။ ကနဦးမှ စိတ်အားထက်သန်မှုများနှင့် တယူသန်ဆန်မှုများသည်လည်း တဖြေးဖြေးပင်လျော့ကျလာခဲ့ပြီး တချို့အရာများအား အသံတိတ်သဘောမျိုးဖြင့်
လေ့လာရုံလောက်သာရှိလာခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပင်ခြောက်နှစ်တည်းဟူသောအချိန်ကာလကကုန်လွန်လာ
ခဲ့သည်။ရှရှင်းချန်၏Gradual Distance
ထွက်ရှိခဲ့သည်မှာလည်း အချိန်ခြောက်နှစ်တာမျှ ရှိခဲ့ပြီဖြစ်ပြီးယခုတွင်မူ ရှရှင်းချန်အား
အနီးကပ်မြင်တွေ့နိုင်ခွင့်ဟူသော အခွင့်အရေး တစ်ခုက သူမရှေ့သို့ရောက်ရှိလာခဲ့သည်။
ရှရှင်းချန်ယခင်ပုံမှ တဖြေးဖြေးပင် ပြောင်းလဲလာသည်ဟုသူမတွေ့ရှိနေရသော်လည်းသူမရဲ့ထိုသို့တွေးမြင်နိုင်မှုအား
ရှရှင်းချန်ကထပ်မံ၍ပင်စွန့်လွှတ်ခဲ့စေပြန်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now