EP75(U+Z)

3.2K 450 7
                                    


...Uni

EP75မင်ကောရဲ့ အိမ်လိပ်စာ (U)

သူတို့ ထိုင်ပြီး ခဏစကားပြောကြသည်။ရေတစ်ခွက်ကုန်သွားပြီးနောက် ချန်းဟိုင်လန်
က အတွင်းခန်းထဲသို့ ဝင်သွားပြီး အိပ်ဖို့ ပြင်သည်။

ယန်ရိုမင်က မတ်တပ်ရပ်ပြီး အရက်ဗီရိုဆီ
ဖန်ခွက်များကို ပြန်ထားလိုက်ပြီး ရှရှင်းချန် ဖက်သို့ လှည့်ကာ ပြောလာသည်။

!အိပ်တော့မယ်မလား !

ရှရှင်းချန် ခေါင်းညိတ်ပြီး သူ၏အိပ်ရာလေးဆီ သွားလိုက်သည်။သူ့ဖိနပ်ကို ချွတ်ပြီး ထိုင်နေစဥ် ယန်ရိုမင်က တံခါးဆီသို့ လျှောက်သွားခဲ့သည်။ပြီးနောက် အပြင်ဖက်အခန်းမီးအား ပိတ်လိုက်သည်။

ရှရှင်းချန် ဘာမှ မပြင်ဆင်ရလိုက်သေးခင်
အမှောင်ထုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့သည်။အတွင်းခန်းက အလင်းရောင်နှင့်အတူ
ယန်ရိုမင်၏ပိန်ပါးသော ပုံသဏ္ဌာန်အား
သူမြင်နေရသည်။

!Good night !

ယန်ရိုမင့်အသံက ပျော့ပျောင်းလျက် နက်ရှိုင်းစွာရှိနေသည်။

!Good Night!

ရှရှင်းချန် လည်းဘဲ ပြန်ပြောလိုက်သည်။

ထို့နောက် ယန်ရိုမင် အတွင်းခန်းထဲသို့ ဝင်သွားခဲ့ပြီး အခန်းနှစ်ခုကြားရှိနေသည့် လျှာထိုးတံခါးအား ဒီတိုင်းသာဖွင့်ပေးထားခဲ့သည်။ရှရှင်းချန် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ယန်ရိုမင် နှင့် ချန်းဟိုင်လန်တို့
အသံတိုးတိုးဖြင့် ပြောနေသည်အား သူကြားနေရသည်။ သူဂရုတစိုက်ပင် နားထောင်တဲ့အခါ သူတို့က သိပ်အရေးမကြီး တဲ့အရာတွေ ပြောနေတာ မဟုတ်ဘူးဆိုတာ သူရှင်းရှင်းလင်းလင်းပင် ကြားနေခဲ့ရတယ်။ဒါကြောင့် စောင်အားဆွဲယူကာ မျက်လုံးတစ်ဖက်သာ ကျန်သည်ထိ၊မျက်နှာအား ဖုံးအုပ်လိုက်တယ်။

ချန်းဟိုင်လန် သူတို့အကြောင်းအား ပြောလာနိုင်သည်ဟု ရှရှင်းချန် ခံစားနေမိတယ်။
ချန်းဟိုင်လန်ကတိတိ ကျကျ သိချင်တောင်
သူ့ရှေ့တော့ သူသိကြောင်းပြမှာမဟုတ်လောက်။ချန်းဟိုင်လန် ယန်ရိုမင့် အား မေးမည် မမေးမည်ကိုတော့ သူမသိ နိုင်။နောက်ဆုံး ၌ သူတို့နှစ်ယောက်ကအချိန် ကြာမြင့်စွာ မိတ်ဆွေ ဖြစ်လာကြသူများဖြစ်နေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now