EP14(U)

3.1K 443 4
                                    

..အချိန်ခဏအကြာတွင် ရှရှင်းချန်သည်
ဝေ့ဇယ်ဟွေ့ဆီ ဖုန်းပြန်ခေါ်လိုက်လေသည်။နောက်ဆုံး၌ သူသည် ဒီအသိုင်းအဝိုင်းနှင့် ရေရှည်ပတ်သက်နေရမည်ဖြစ်ပြီး
ထို့သိူ့ပတ်သက်နေသမျှ ကာလပတ်လုံး
လူ့အသိုင်းအဝိုင်းအတွင်း လိုက်လျောညီထွေ
ဖြစ်အောင် ပေါင်းသင်းဆက်ဆံတတ်ခြင်းကလည်း အခြားသော အရာများထက် ပို၍ပင်
အရေးကြီးလှသောကြောင့် ဖြစ်သည်။

ဝေ့ဇယ်ဟွေ့ သည်လည်း မကြာသေးမီရက်များအတွင်း ရုပ်မြင်သံကြားအစီအစဥ်တသ်ခုအတွက် ရိုက်ကူးရေးလုပ်နေခြင်းပင်ဖြစ်သည်။သူသည် ဒုတိယ ဇာတ်ဆောင်အဖြစ်ဝင်ရောက်ရိုက်ကူးရရင်း
သူ့အခန်းကမူ သိပ်မပါဝင်ခဲ့။သူက
သရုပ်ဆောင်ဖြစ်ရန်ရည်မှန်းချက်က အနည်းငယ်သာရှိပြီး ပေါ်ပြူလာဖြစ်ရန်နှင့်
သုံးဖြုန်းရသည်ကိုသာဝါသနာကြီးသူဖြစ်သည်ပင်။သူက ရှရှင်းချန်ကိုလည်း
ဒီနေရာတွင်ရိုက်ကူးရေးရှိသည်ဟု
ကြားသိရသောကြောင့် ရှရှင်းချန်ဆီ
ဖုန်းဆက်ကာ သူနှင့်အတူ သောက်စားပျော်ရွှင်ရန် ထွက်လာခိုင်း ခြင်းပင်ဖြစ်လေသည်ပင်။

ရှရှင်းချန်သည် ပထမ၌မူ ငြင်းဖို့ပင်ဖြစ်လေသည်။လက်ရှိရုပ်ရှင်အတွက် သူအပေါ်ဖိအားသည် အလွန်ပင်ကြီးမားလွန်းလှသည်။
ထိုရုပ်ရှင်သည် ဖန်ကျင့်ယွမ်၏အကြောင်းများကို ရိုက်ကူးသည်မို့ သူက အဓိက နေရာတွင်ရှိနေသည်။နေ့တိုင်းနီးပါးလည်း ရိုက်ကူးနေရသည်။ရိုက်ကူးရေးပြီးနောက် ပြန်သွားချိန်၌ သူ၏အချိန်များအားလုံးသည်
ဇာတ်ညွှန်းဖတ်ခြင်းနှင့်ဇာတ်ဝင်စကားများ
အလွတ်ကျက်ရခြင်းဖြင့်သာ နေ့စဥ်ရက်ဆက်အချိန်ကုန်နေရသည်လည်းဖြစ်လေသည်။

သို့သော် ဝေ့ဇယ်ဟွေ့က သူ့အား
ပါတီသိူ့ မဖြစ်မနေလာပေးပါရန်ကိုသာပြောနေခဲ့ရင်း အချိန်ဘယ်လောက်ပင်
နောက်ကျကျလာခဲ့ဖိူ့သာပင် ပြောနေခဲ့သည်။

ရှရှင်းချန်သည် အားနာစိတ်ကြောင့်ပင်
ထပ်ငြင်းဖိူ့ရာလည်း မဖြစ်နိုင်ခဲ့။
ထိုညက သူသည် ဟိုတယ်သိူ့ပြန်သွားလိုက်သည်။သူသည် မနက်ဖြန်ရိုက်ကူးမည့်
အခန်းနှင့်ပတ်သက်၍ ပြင်ဆင်လေ့လာပြီးနောက် ရေချိုး အဝတ်အစားလဲကာ သူ့လက်ထောက်အား ဖိတ်ကြားရာနေရာသို့
ပို့ပေးရန်ပြောလိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Dove le storie prendono vita. Scoprilo ora