EP69(U+Z)

4.1K 505 7
                                    

..

Uni

EP69တစ်ခုတည်းသော
အမှတ်အသားလေး(U)

နောက်တနေ့ မနက်ယန်ရိုမင်နဲ့ ရှရှင်းချန်တို့
က ကားဖြင့် မထွက်ခွာမီ ဟိုတယ်၌ မနက်စာ စားနေခဲ့ကြသည်။

လီယွမ်က သူတိူ့နဲ့အတူ မလိုက်ခဲ့ဘူး။
ဟိုတယ်ဝင်ပေါက်ကို ကားရောက်တဲ့အချိန်
သူတို့ကို လိုက်ပို့ခဲ့တယ်။

သူတို့ ဟိုတယ်ခန်းထဲက ထွက်လာချိန်
ရှရှင်းချန်က ဦးထုပ်ဆောင်းကာ maskတပ်ထားပြီး ယန်ရိုမင်လည်းဘဲ မျက်မှန် တပ်ထား ခဲ့တယ်။သို့သော် သူတို့ နှစ်ဦးက
သိသာထင်ရှားနေဆဲ ရှိနေတယ်။
သူတို့ကားထဲမဝင်မီ  လူအချိူ့က သူတို့ဖုန်းဖြင့် သူတို့ အားဓာတ်ပုံရိုက်လိုက်တာကို
ရှရှင်းချန်မြင်လိုက်တယ်။ဟွမ်ကျီရှင်း ရဲ့
ထပ်ခါတလဲလဲ သတိပေးထားခဲ့သော စကားများကို သူပြန်သတိရပြီးနောက် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ထိတ်လန့်သွားမိတယ်။

သူထိုဖက်အား တချက်လှည့်ကြည့်လိုက်ချိန်
ယန်ရိုမင်က သူ့နောက်ကနေ အထဲဝင်ရန်
တိုက်တွန်းသည်အား သူကြားလိုက်ရတာမို့
သူခေါင်းငုံ့ကာ ကားထဲသို့ ဝင်လိုက်သည်။

ယန်ရိုမင်သူနောက်သို့ လိုက်ဝင်ပြီးနောက်
ဒရိုင်ဘာက ကားတံခါးကို ပိတ်လိုက်သည်။

မော်တော်ယာဥ် အတွင်းပိုင်းက ကျယ်ဝန်းပြီး
အပူပေးစက်မှ လေပူများဖြင့် ပြည့်နေလျက်ရှိနေတယ်။ရှရှင်းချန် သူ့ ဦးထုပ်နဲ့ maskအား ချွတ်လ်ုက်ပြီး သူ့ဘေးတွင် ထိုင်နေသော
ယန်ရိုမင့်အား ကြည့်ကာ ပြောလိုက်တယ်။

!တစ်ယောက်ယောက်ဓာတ်ပုံရိုက်နေတာ
ကျွန်တော် မြင်လိုက်တယ် !

ယန်ရိုမင်က သူ့မျက်မှန်ကို ချွတ်ပြီး
သူ့ ဂျက်ကက်အောက်ရှိ အကျီ အိတ်ထဲသို့ ထည့်လိုက်ရင်း ပြောလာသည်။

!အဲဒါက ဘာမှသုံးလို့မရတာ!

ရှရှင်းချန် ဆက်မပြောရမနေနိုင်ဘဲ

!မင်ကောနဲ့ အတူ ရှိနေတာကျ မတူဘူးလေ!

ယန်ရိုမင်က ဘာမှမပြောဘဲ ဒရိုင်ဘာရှိရာသို့ လှမ်းကြည့်ပြလိုက်ရင်း ဒရိုင်ဘာရှိတယ်
ဘာမှဆက်မပြောနဲ့ ဆိုတဲ့ အမူအရာပြလာတာမို့ ရှရှင်းချန် ဘာမှဆက်မပြောဘဲ နေလိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now