EP13(U)

2.9K 418 0
                                    

..

နေ့တစ်နေ့၏တစ်ခုသော ညနေပိုင်းတွင်
ဖန်ကျင့်ယွမ်သည် သူ့အခန်းထဲတွင် စာဖတ်နေခဲ့သည်။ရုတ်တရက်ပင် သီချင်းသံ တစ်ခုအား သူကြားလိုက်ရသည်။သူသည်
ဘေးပြတင်းပေါက်အပြင်သို့ ခေါင်းပြူထွက်လိုက်ရင်း နားထောင်ကြည့်လိုက်ရာ သီချင်းသံသည် အိမ်အေပါ်တစ်ထပ်မှ ပျံ့လွင့်လာခြင်း ဖြစ်လေသည်။

ယခင်တုန်းကမူ သူတို့အိမ်အပေါ်ထပ်တွင်
မည်သူမှ နေထိုင်ခြင်းမရှိခဲ့။သူကြားနေရသော ဂီတသံသည် အဆူညံချည်းမဟုတ်သော်လည်း စာထဲကိုပင်စိတ်နှစ်လို့မရ
နေလျက် စာဆက်၍ပင်ဖတ်မရသောကြောင့် စိတ်ညစ်နေခဲ့ရသည်။

ခဏအကြာတွင် ဖန်ကျင့်ယွမ်သည်
စာအုပ်ကိုပိတ်ချလိုက်ပြီး ထကာတံခါးဆီသို့သွားလိုက်သည်။ ပြီးနောက်တံခါးအားဖွင့်ကာအခန်းအပြင်သိူ့ထွက်လာခဲ့လိုက်သည်။
သူသည် အပေါ်ထပ်သိူ့ သွားဖို့ပင်ဖြစ်ပြီးအနည်းဆုံးတော့ အပေါ်ထပ်ရှိလူသစ်အား
ဂီတသံကို ပိတ်ခိုင်းမိူ့ပင်ဖြစ်သည်။

စကြ်ံလမ်းသည် မှောင်မဲနေလေသည်။
သူ့မိဘများ၏အခန်းတံခါးအား ပိတ်ခဲ့လိုက်သည်။ သူ့အမေသည် TVဇာတ်လမ်းတွဲအား
စိတ်ပါဝင်စားစွာကြည့်ရှုနေလျက်ရှိနေသည်။

ဖန်ကျင့်ယွမ်သည် စွပ်ကျယ်နှင့် ဒူးအထက်ရှိသော ဘောင်းဘီတိုအား ဝတ်ဆင်ထားခဲ့ပြီး
လူငယ်တစ်ယောက်၏တက်ကြွလန်းဆန်းမှုများနှင့်အတူ ဖြူဝင်းတောက်ပသော
အသားအရည်အား မြင်အောင်လှစ်ဟပြနေသကဲ့သိူ့ရှိနေခဲ့လေသည်။
သူသည်လှေကားဆီသိူ့ လျှောက်လာရင်း
ခဏမျှရပ်ကာအပေါ်ဖက်သို့ကြည့်လိုက်ရင်းမှ ချီတုံချတုံဖြင့် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

တတိယထပ်တွင် ယွီဟိုင်ရန် နေသော
အခန်းတစ်ခုသာရှိလေသည်။ထိုအချိန်က
အခန်းတံခါးမှာမူ စေ့ထားလျက်ရှိနေသည်။
တံခါးစေ့ထားရာ အက်ကြောင်းမှပင်
အခန်းတွင်း၏အလင်းရောင်က ထွက်ပြူနေခဲ့သည်။လက်ရှိတွင် အမှန်ပင် ဂီတသံသည် အခန်းတွင်း၌ ဆူညံနေခဲ့သည်။
ထိုအချိန်၌ပင်တခြားသီချင်းတစ်ပုဒ်သို့
ပြောင်းသွားခဲ့ပြီး ယခုသီချင်းသည်
အတော်လေးပင် ငြိမ့်ညောင်းကာ
ပျော့ပျောင်းလျက်ရှိနေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now