EP108(U+Z)

3.2K 396 10
                                    

...

Uni
EP108မင်ကောရဲ့သဝန်တိုမှု ကြီး (U)

ယန်ရိုမင်ရဲ့ အသံက မတိုးမကျယ်တွင်ရှိနေလျက် စိတ်လှုပ်ရှားမှုတော့မရှိဘဲ ရှိနေခဲ့တယ်။ရှရှင်းချန်ရဲ့ ထင်မြင်ချက်အရ
ယန်ရိုမင့် ပုံစံက သူနဲ့ ယခင်ထိတွေ့နေကျ ပုံစံ တစ်ခု မဟုတ်တော့ဘဲ တခြားလူတစ်ယောက်အား ပထမဆုံးအကြိမ် အဖြစ် အေးစက်လျက် သြဇာသံ ရှရှဖြင့်သူ့အား ကာကွယ် ပေးလျက် ရှိနေရာမှ ဒေါသ သံထွက်ပေါ်လာခဲ့ခြင်း ဖြစ်တယ်။

သူက လတ်တလော အနေအထား၌ ယန်ရိုမင့် လက်မောင်းထဲ၌ လုံခြုံလျက် စိတ်ချစွာ ရှိနေခဲ့ပြီး သူ့အား တင်းကြပ်စွာ ပွေ့ဖက်ထားမှု ကြောင့် သူ ထွက်သွားချင်လျှင်တောင် လှုပ်လို့မရဘဲ ရှိနေတယ်။ယန်ရိုမင် သူ့ ကိုယ်သူအတွက်ကို တောင် မစဥ်းစားဘဲ သူ့ အတွက်ကိုသာ  အမှန်တကယ်စိတ်ပူနေကြောင်း သူခံစားနေမိလျက်ရှိနေခဲ့တယ်။

သူ ကိုယ်တိုင်သည်လည်း စိတ်လှုပ်ရှားနေမိတယ် သို့သော် သူ့တွင်လုံးဝ ရွေးချယ်စရာ မရှိနေသကဲ့သို့ သူ့ ရဲ့ ချစ်သူ အိမ်ထောင်ဦးစီး ယန်ရိုမင့် အပေါ် ကိုလည်း စိတ်နှလုံးတစ်ခုလုံး အကြွင်းမဲ့ပင် သူယုံကြည်နေမိတယ်။
ယန်ရိုမင် ဆိုတဲ့ သူ့ လက်တွဲဖော်က ဘယ်သောအခါ မှ သူ့အား အထိခိုက်ခံမည် မဟုတ်ကြောင်းကိုလည်း သူသိနေခဲ့တယ်။

သို့တိုင် တံခါးဖွင့်လာသူက လှည့်ပြန်မသွားဘဲ ယန်ရိုမင်ရဲ့ အေးစက်နေသော အသံကို ဂရုမပြုနေလျက် ထို့အစား တံခါးဝ၌ ရပ်ပြီး ယန်ရိုမင့်အား အပြစ်တင်သောအသံဖြင့်ပြောလာခဲ့တယ်။

!ဘယ်လိုတောင် ပတ်ဝန်းကျင်ကိုလှည့်စားလို့ရအောင် တံခါးကို လော့မချထားတာလား?!

အဆိုပါအသံက အကျွမ်းတဝင် မရှိသော အမျိုးသားတစ်ယောက်ရဲ့ အသံ ဖြစ်နေတယ်။

ထိုသူရဲ့ အသံ ထွက်ပေါ်လာတဲ့အချိန်
ယန်ရိုမင်ရဲ့ ဆုပ်ကိုင်ထားမှုက လုံးဝပြေလျော့သွားတာကို ရှရှင်းချန် ခံစားမိလိုက်တယ်။တချိန်တည်းမှာဘဲ သူ့အသံက
များစွာ စိတ်လက်ပေါ့ပါးသွားလျက် ထိုသူ့အား ပြန်ပြောလိုက်သံအား ကြားလိုက်ရတယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now