EP90(U+Z)

3.3K 388 2
                                    

...

Uni

EP 90ယွမ်ချီအန်း နဲ့ စကားစမြည် (U)

သန့်စင်ခန်း အပြင်ဖက် စကြ်ံလမ်းက အနည်းငယ် အတွင်းဖက်ကျသည်။အကယ်၍သူတို့ စကားရပ်ပြောနေပါလျှင်
သူ့တို့အား မည်သူကမှ၊လှမ်းမကြည့်နိုင်သလို
သူတို့ကိုလည်း မည်သူကမှ မမြင်နိုင်ခဲ့။

ရှရှင်းချန် ယွမ်ချီအန်းကို ကြည့်ပြီး သူမရဲ့ မေးခွန်းကို တော့မူ ပြန်မဖြေခဲ့။

အဲဒီအစား ယွမ်ချီအန်းက ရယ်ပြီး ပြောလာခဲ့သည်။

!ငါကြားတာတော့ သူက နှစ်သစ်ကူးအတွက် မင်းနဲ့ အတူ အိမ်ပြန်သွားတယ်ဆို !

ရှရှင်းချန် သူ ရဲ့ ကစဥ့်ကလျား ဖြစ်နေသောစိတ်အား ငြိမ်အောင်ထားပြီးနောက်
ယွမ်ချီအန်းအား  မေးလိုက်သည်။

!ဒီနေရာထက် တစ်ခြားနေရာမှာ စကားပြောတာက ပိုအဆင်မပြေနိုင်ဘူး လား ?!

ယွမ်ချီအန်း ခေါင်းညိတ်လာခဲ့တယ်။

!ရတာပေါ့ !

သူတို့ သီးသန့်ခန်းထဲမှ ထွက်ခွာလာခဲ့ကြတယ်။သူတို့ ဂျပန်စားသောက်ဆိုင်ထဲမှ ထွက်ခွာလာခဲ့တာကို မည်သူကမှလဲ
သတိမပြုမိခဲ့။ယွမ်ချီအန်းက သူမရဲ့ ကားသော့ကို ယူလာဖို့ တစ်ယောက်ယောက်ကို လှမ်းပြော ဖိူ့ ဖုန်းဆက်ခဲ့တယ်။ပြီးနောက်
သူမနဲ့ ရှရှင်းချန် သူမရဲ့ ကားဆီ ဝင်ခဲ့တယ်။

ရှရှင်းချန် က ဟွမ်ကျီရှင်းဆီ မက်ဆေ့ပို့လိုက်
ပြီး သူက လက်ရှိတွင် ယွမ်ချီအန်းနဲ့ စကားပြောဆိုရန် ထွက်သွားပြီဟု လှမ်းပြောလိုက်တယ်။

ထိုကားထဲ၌ မှင်ရည်ရောင်သမ်းသော ပြတင်းပေါက်များ ရှိပြီး အပြင်ဖက်ရှိသူများကကားတွင်းအား ရှင်းရှင်းလင်းလင်းမမြင်ရလျက်ရှိနေသည်။ကားထဲတွင်လည်း
သူတို့နှစ်ဦးသာရှိနေသည်။

ယွမ်ချီအန်းက ပြောလာတယ်။

!အရင်တခေါက်ထဲက ထူးဆန်းတယ်လိူ့ ငါထင်ခဲ့တာ။နောက်ဆုံး ယန်ရိုမင်က
ဘာကြောင့် သူ့ အိမ်ရဲ့ လျှိူ့ဝှက် ကုတ်ကို တစ်ယောက်ယောက်ကို ပေးပြီး သူ အိမ်ပြန်မရောက်ခင်မှာဘဲ ဘာကြောင့် လာခွင့် ပြုထားတာလဲပေါ့ ?!

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)حيث تعيش القصص. اكتشف الآن