EP47(U+Z)

2.8K 438 7
                                    

..Ep47ဖန်ကျင့်ယွမ်နဲ့ ယွီဟိုင်ရန် story (U)

ဇာတ်လမ်း သဘော အရ ပထမ ရိုက်ပြီးသော
အခန်းများနှင့်အတူ တည်းဖြတ်ကြသည်။

ဖန်ကျင့်ယွမ် ချွီကျန်းနဲ့အတူ တွေ့ဆုံပြီး သူ၏မျှော်လင့်ချက် ကင်းမဲ့နေခဲ့သော ခံစားချက်များကို မေ့နိုင်ရန်အတွက် ကောက်ရိုးတမျှင်မျှ ဆုပ်ကိုင်နိုင်ရန် ချွီကျန်းအား အသုံးချခဲ့မိသည်။ချွီကျန်းကလဲ သူ့အတွက် ကောက်ရိုးတစကဲ့သို့ပင် စေတနာ ဝန်ထမ်းလုပ်ပေးခဲ့လျက် အသူရာချောက်ထက် နက်သော ဘဝထဲသို့ ချွီကျန်းနဲ့အတူ ခုန်ချမိခဲ့သည်။မျှော်လင့်ချက်မရှိတော့သော သို့တည်းမဟုတ် မိုက်မဲခဲ့သော ။

ဒါပေမယ့် သူတို့နှစ်ယောက်အတူ ထိုင်ပြီး သိပ်မကြာခင် လမ်းခွဲခဲ့ကြသည်။ချွီကျန်းက
ဖန်ကျင့်ယွမ်အား အရင်လမ်းခွဲခဲ့ခြင်းဖြစ်သည်။သူတွေးခဲ့သည်က ဖန်ကျင့်ယွမ်၏
အကျင့်စရိုက်က သူ့အတွက် အရမ်းပင် ပျင်းစရာကောင်းသောကြောင့်ဖြစ်သည်။လူတစ်ဦးက မည်မျှပင် ချောမောနေပါစေကြည့်ကောင်းနေပါစေ အချိန်တွေကုန်လွန်သွားချိန်ကြ သူတစ်ယောက်ထဲသာကျန်ရစ်ခဲ့ပြီး
အားလုံးက သူ့အားထားသွားခဲ့ကြသည်။

ချွီကျန်းက သူ့အား ဆောင်းရာသီ အားလပ်ရက်မတိုင်မီ လမ်းခွဲစကားပြောခဲ့သည်။၊
ဖန်ကျင့်ယွမ် အေးဆေးစွာလက်ခံခဲ့ပြီး
စိတ်ဆိုးခြင်း ဒေါသထွက်ခြင်းတောင်မှ ရှိမနေခဲ့။ထိုအချိန် အိပ်ဆောင်အခန်းထဲမှ
သူ၏ ပစ္စည်းများကို ထုပ်ပိုးပြီး ပြန်ရန် အသင့်ပင်ဖြစ်နေပြီဖြစ်သည်။သူခေါင်းထဲမှအတွေးမှာချွီကျန်း မကြာမီ မထွက်ခွာပါက
သူရထားလွတ်သွားမည်ကိုဖြစ်သည်။

ဖန်ကျင့်ယွမ် ဆောင်းရာသီ အပြီး
တက္ကသိုလ်သို့ ပြန်လာချိန် ချွီကျန်းက သူ့အိပ်ဆောင်သို့ ထပ်မံလာတွေ့ခဲ့သည်။
ချွီကျန်းပုံစံက ပိန်ပါးဖျော့တော့နေခြင်းနှင့်အတူ ကြောက်စရာသတင်းဆိုးတစ်ခုအား
သူ့ဆီသို့ ယူဆောင်လာခဲ့သည်။

ယွီဟိုင်ရန် စက်ရုံတွင်အလုပ်လုပ်ရန် မြို့သို့ပြန်ခဲ့သည်။စက်ရုံက ဝန်ထမ်းများအတွက် အိပ်ဆောင်ပေးထားခဲ့သည်။ယွီဟိုင်ရန် က
အမြဲလို နေ့လည်ပိုင်းတိုင်း အိပ်ဆောင် သို့
ပြန် သွားပြီး အိပ်လေ့ရှိနေခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now