EP136(Extra1.1)(U+Z)

3.8K 331 9
                                    

......

Uni

Yang Youming's Gradual Distance
(ယန်ရိုမင်၏ ခံစားချက်များ )

!Gradual Distance !ရိုက်ကူးရေးအဖွဲ့ဆီ
လာရောက်သည့်ည၌ ယန်ရိုမင် ရှရှင်းချန်နှင့်
ဟိုတယ်ကော်ရစ်တာ ၌ ပထမဆုံးအကြိမ်
စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သူအရင်ကရှရှင်းချန်ရဲ့နာမည်ကိုလည်းကြားဖူးသကဲ့သို့ ဓာတ်ပုံလေးများကိုလည်းတွေ့ဖူးခဲ့သည်။သို့သော် သူနှင့်တော့တခါမှအလုပ်အတူမလုပ်ဖူးခဲ့၊ အပြင်လက်တွေ့မှာတော့
ထိုကောင်လေးအားမှိန်ပျပျကော်ရစ်တာမီးရောင်အောက်၌တကယ်မမှတ်မိတာမို့ထိုကောင်လေးအား သူခိုးကြောင်ခိုးဝှက်လေးသာလှမ်း၍ကြည့်လိုက်မိသည်။

အလွန်ရှားပါးပြီးလှပတဲ့မျက်နှာလေးက
နုပျိုမှုတို့နှင့်ပြည့်ဝနေသည်ဟုသူခံစားမိသည်။သူ့ရဲ့ပြင်ပပုံစံလေးကရှိရင်းစွဲ
အသက်အရွယ်ထက်ပို၍ပင်ငယ်ရွယ်
နေတာကိုသူတွေ့ခဲ့ရသည်။ငယ်ရွယ်ပျိုမြစ်မှုတို့နှင့်အတူပွဲတက်အခမ်းအနားဝတ်စုံမျိုး
မဟုတ်ဘဲပေါ့ပေါ့ပါးပါးလေးကိုသာ
ကောင်ကလေးက ဝတ်ဆင်ထားသည်။
သူအခုသရုပ်ဆောင်ရမယ့်ကာရိုက်တာ
ဇာတ်ရုပ်ကအထက်တန်းကျောင်းသားလေးတစ်ဦးရဲ့ဇာတ်ဆောင်နေရာပင်ဖြစ်သည်။
ကောင်ငယ်လေးရဲ့ပုံပန်း သဏ္ဌာန်နှင့်
စိတ်အနေအထားကအနုပညာလောကတွင်
သီးသန့်ခွဲထွက်ကာထူးခြားသည့်ပုံစံ ရှိမနေခဲ့
သော်လည်း သူ့ပုံစံလေးက ဟယ်ကျန်းလိုချင်တဲ့ ပုံပန်းသဏ္ဌာန်လိုအပ်ချက်တွေနဲ့ ကိုက်ညီသင့်တာကိုတော့ သူမငြင်းနိုင်ခဲ့ဘူး။

အဲ့ဒီအချိန်ကရှရှင်းချန်ကအရင်ဆုံးသူ့ကို
စကားလာပြောခဲ့ဖြစ်သည်။ကောင်ကလေးရဲ့ မျက်နှာလေးကပန်းသွေးရောင်ရောယှက်နေလျက်အသံကမူအနည်းငယ် တုန်ယင်နေခဲ့သည်။လေထုထဲမှ ယမကာနံ့ကသူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်မို့ ကောင်လေးက
အတော်လေးလည်းသောက်ထားခဲ့ပုံရနေသည်။

ယန်ရိုမင်ရှရှင်းချန်ရဲ့စိတ်လှုပ်ရှားမှုကို
ခံစားမိနေခဲ့သည်။သူ့အားအမြဲတမ်း ကြိုက်
နှစ်သက်ခဲ့သူဖြစ်ကြောင်းရှရှင်းချန်က
ပြောလာခဲ့ပြီးသူ့အားလက်ဆွဲနှုတ်ဆက်လာခဲ့သည်။ယန်ရိုမင်ရှရှင်းချန်ရဲ့ချွေးများရွဲနေတဲ့လက်ဖဝါးလေးဖြင့် ထိတွေ့ခဲ့ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now