EP134(U+Z)

2.5K 310 2
                                    

.....

Uni

EP 134 အဆုံးသတ်နိဂုံး

ဟန်ပေါ်ဟန်သူ့အားဆွန်းယောင်ကခေါ်ဆောင်သွားသည်အား သိနေခဲ့သည်။
သူ့ရဲ့ အမြင်တွေကဝေဝါးနေလျက်
သူအရိုက်ခံရတဲ့နေရာကသွေးများယိုစိမ့်ထွက်လာသည်ကို ခံစားမိနေသည်။သို့သော်
သူ၏ဦးခေါင်းမှနာကျင်မှုက ယခုလက်ရှိ ဖြစ်ပျက်နေမှုနှင့်နှိုင်းယှဥ်ပါက ယခုလက်ရှိ အခြေအနေကိုသာသူပို၍ပင်စိုးရိမ်နေခဲ့မိသည်။၎င်းက သူ့ရဲ့ အသက်ရူနှုန်းကိုပင် မြန်ဆန်လာစေပြီးမမျှော်လင့်ဘဲမသိစိတ်ဖြင့်
ဆွန်းယောင်ရဲ့လက်မောင်းအားတွဲခိုရန် ကြိုးစားသော်လည်း သူဆက်ပြီးရပ်တည်နိုင်ရန် အားမရှိတော့ဘူးသာဖြစ်သည်။

ဆွန်းယောင်က ဟန်ပေါ်ဟန်ကို ရှုမျန်ရဲ့ အိပ်ရာပေါ်သို့သယ်ဆောင်ကာသူ့ရဲ့ခေါင်းပေါ်မှဒဏ်ရာအားကြည့်ရန် ခေါင်းအားပင့်တင်လိုက်သည်။

!သွေးထွက်တာကို ရပ်အောင်တစ်ခုခု
လုပ်ရမယ် !

သူက ရှုမျန်ကို ပြောလိုက်သည်။

ရှုမျန်က ရှေ့သို့ လှမ်းလာရင်းပြောလာသည်။

!နင်က သူ့ကို ကယ်ဖို့လုပ်နေတာလား?!

သူမရဲ့လေသံက အလွန်ပင် ကောက်ကျစ်မှုတို့ဖြင့်ပြည့်နှက်လျက်ရှိနေခဲ့သည်။

ဆွန်းယောင်ကဟန်ပေါ်ဟန့်ခေါင်းမှ ဒဏ်ရာအား ထိကြည့်လိုက်သည်။ သွေးအလွန်အကျွံ ထွက်မနေတာကို တွေ့လိုက်ရမှ သူက ဟန်ပေါ်ဟန့် မေးရိုးအား ကိုင်လိုက်ရင်း သူ့နာမည်ကို ခေါ်လာသည်။

!ဟန်ပေါ်ဟန့် !

ဟန်ပေါ်ဟန်မဖြေနိုင်သေးဘူး။သူအရမ်းပင်မူးဝေနေခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးချွေးစေးများဖြင့်ပြည့်နှက်လျက်ရှိနေခဲ့သည်။

ရှုမျန်ပြောလာသည်။

!သူကနင့်ကို ဖမ်းပြီးချုပ်လိမ့်မယ် !

ဆွန်းယောင်အသံကအေးဆေးတည်ငြိမ်စွာရှိနေခဲ့သည်။

!မင်းပြောနေတာတွေကို ငါနားမလည်ဘူး။
ငါဥပဒေကို မချိုးဖောက်နိုင်ဘူး !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now