EP48(U+Z)

3.1K 486 22
                                    

.Ep 48 ...ရိုက်ကူးမှုပြီးဆုံးခြင်း (U)

ယွီဟိုင်ရန်လည်း အိမ်မပြန်ခဲ့သလို ဖန်ကျင့်ယွမ်သည်လည်း ကျောင်းသို့ မပြန်ခဲ့ပါ။
သူတို့နှစ်ယောက်အတူ ဟိုတယ်တစ်ခုတွင်
အခန်းတခန်းငှားခဲ့ကြသည်။

ဧည့်ကြိုကောင်တာမှ လူက သူတို့ နှစ်ယောက် နှစ်ယောက်ခန်းတစ်ခန်းလိုချင်သည်ဟု ပြောသည်ကိုကြားသောအခါ ထိုသူက သူ့တိူ့အား ထူးဆန်းလျက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြည့်ဖြင့် ကြည့်လာခဲ့ကြသည်။

အခန်းက အေးစက်ပြီး အနည်းငယ်ထိုင်းမှိုင်းစိုစွတ်နေလျက် ရေချိုးခန်းကလည်း မသန့်ရှင်းလျက်ရှိနေသည်။

ဖန်ကျင့်ယွမ် အိပ်ရာဖက်အစွန်းနားတွင်
ဝင်ထိုင်လိုက်သည်။ယွီဟိူင်ရန်က သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူ့အား ကြည့်ရင်း
မေးလာသည်။

!ကိုယ် မင်းအတွက် စားစရာလေးသွားဝယ်ပေးမယ် နည်းနည်းလေးတော့စားလိုက်နော်
အဆင်ပြေလား!

ညစာစားတုန်းကလဲ ဖန်ကျင့်ယွမ် နည်းနည်းလေးသာစားခဲ့လိုက်သည်။သူတကယ်ကို အစားစားချင်စိတ်မရှိဘူး။ခေါင်းအား အနည်းငယ် မော့ကာ ယွီဟိုင်ရန်ကို ပြောလိုက်သည်။

!ကျွန်တော်ဘာမှမစားချင်ဘူး!

ယွီဟိုင်ရန် က သူ့လက်အား ကိုင်ထားရင်း
အခန်းထဲရှိတီဗီအားဖွင့်ရန် မတ်တပ်ရပ်လိူက်ပြီး သူ့အားပြောလာသည်

!ကိုယ်ခုနကလေ ပြောင်းဆန်ပြုတ်ရတဲ့
ဆိုင်လေးတွေ့တယ် ၊ကိုယ့်ကို ခဏစောင့်ပေး၊မင်းအတွက် အဲဒါသွားဝယ်ပေးမယ် !

ပြီးနောက်ထပ်မမေးတော့ဘဲ အခန်းသော့ကို ယူကာ အခန်းထဲမှထွက်သွားခဲ့သည်။

နာရီဝက်မျှအကြာ ယွီဟိုင်ရန် ပြန်ရောက်လာခဲ့သည်။ပြောင်းဆန်ပြုတ်အား ဝယ်ယူလာပြီး
ပူပူလေးပင်ရှိနေသေးသည်။ထို့ပြင် မျက်နှာသုတ်ပဝါနှင့် သွားတိုက်တံများလည်း
ဝယ်လာသည်ကိုတွေ့ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now