EP135 Weeding Day(U+Z)

4.1K 369 20
                                    

....

Uni

EP 135 လက်ထပ်ပွဲလေး ( U )

ကားလေးက ရှမိသားစုရဲ့ဗီလာရှေ့၌ရပ်သွားခဲ့သည်။ရှရှင်းချန်ကားထဲမှထွက်လာတဲ့အခါ
သူ့ရဲ့ချစ်စရာကောင်းတဲ့မရီးကသူ့အား
တံခါးဝမှ ရပ်လျက်သူတို့အားဆီးကြိုနှုတ်ဆက်လာသည်။သူပို၍ပင်စိတ်မသက်မသာဖြစ်နေခဲ့သည်။

ရှရယ်ကယန်ရိုမင်သူတို့ရဲ့ခရီး
ဆောင်သေတ္တာများအားကားထဲမှ
ထုတ်ယူတာကိုကူညီနေခဲ့သည်။

ဖန်းရင်ကပြုံးလျက်ရှင်းချန်အားပွေ့ဖက်လာခဲ့သည်။ထို့နောက်တိုးတိုးပြောလာသည်။

!အမ ပါးနဲ့မားကို မင်းယန်ရိုမင်နဲ့အတူ
အိမ်ပြန်လာမယ်လို့ပြောထားတယ်၊
မားကတော့ဘာမှမပြောဘူး ၊
ဒါပေမယ့် ပါးကတော့
သိပ်အခြေအနေမကောင်းဘူး !

ရှရှင်းချန်အားတင်းကာပြုံးပြလိုက်သည်။
သူခေါင်းညိတ်ပြပြီးဖန်းရင်အားကျော်ဖြတ်ကာအိမ်ထဲဆီသို့သာတိုက်ရိုက်ပင်ဝင်လာခဲ့
လိုက်သည်။

မာမားရှကမူ အေပရွန်အားဝတ်ဆင်ထားလျက်မီးဖိုချောင်တံခါးဝ၌ မတ်တပ်ရပ်
လျက်ရှိနေသည်။

!ရှင်းချန်အိမ်ပြန်ရောက်လာပြီလား ?!

သူမရဲ့အေပရွန်၌လက်သုတ်နေရင်း
မေးလာသည်။

ပါပါးရှကဆိုဖာပေါ်တွင်ထိုင်နေသည်။
သူ့ရှေ့ကော်ဖီတင်စားပွဲပေါ် တွင်
အငွေ့ထောင်းထောင်းထနေသည့်မတ်ခွက်
တစ်ခွက်လည်းရှိနေသည်။သူက ခေါင်းမော့
ရှရှင်းချန်အားကြည့်လာပြီး သူမျက်နှာတွင်
အချို့သောခံစားချက်များအားအတိအကျ
လေးနက်စွာပင်ဖော်ပြနေခဲ့သည်။

!ဒီနေ့ မင်း ဘာအတွက် ပြန်လာတာလဲ ?
ငါတို့ကို မင်းကဘာတွေများ တိတိကျကျ
ပြောချင်ရတာလဲ ?!

ရှရှင်းချန် အသက်ပြင်းပြင်းတချက်ရှုလိုက်သည်။ သူ့ စိတ်ကိုလည်း အဆင့်သင့်ပင်
ပြင်ဆင်ထားပြီး ဖြစ်နေခဲ့သည်။

!မား ...ပါး ...ကျွန်တော်
လက်ထပ်တော့မယ် ..!

သူတရားဝင် ထုတ်ဖော်ကြေညာလိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now