EP141(Extra2.2)(U)

2.8K 291 3
                                    

......

Uni

Film Emperor

ရှရှင်းချန်နိုးလာတဲ့အခါ မိုးတောင်စင်စင်လင်းနေချေပြီဖြစ်သည်။စောင်ပုံကြားထဲမှ
ခြေလက်များအား ဆန့်လျက် ကောင်းမွန်လွတ်လပ်တဲ့ အရသာအားအပြည့်အဝပင်ခံစားလိုက်ရင်းအိပ်ခန်းပြတင်းပေါက်
ကန့်လန့်ကာကြားမှအပြင်သို့ကြည့်လိုက်မိသည်။နံနက်ခင်းရဲ့ တောက်ပတဲ့လင်းရောင်ခြည်က အခန်းတွင်းဆီသို့
ဝင်ရောက်လာလျက် ပူပြင်းတဲ့နွေရာသီ
နေ့တနေ့အား အစပြုဖို့ရာပြင်ဆင်နေလျက်
ရှိနေသည့်တိုင်သူ့အခန်းလေးထဲတွင်တော့မူ
အပူချိန်က သင့်တင့်စွာရှိနေလျက် အေးချမ်းပြီး သက်တောင့်သက်သာလည်းရှိနေခဲ့သည်။

ယန်ရိုမင်က အိပ်ရာနိုးနှင့်နေပြီမှာအချိန်ကြာလောက်ပြီဖြစ်လောက်သည်။ရှရှင်းချန် သူ့ဘေးမှ အိပ်ရာအားစမ်းလိုက်တဲ့အခါအိပ်ရာခင်းများရဲ့အေးစက်တဲ့အထိအတွေ့အားခံစားလိုက်ရသည်။အချိန်တွေကြာခဲ့တာတောင် ခုချိန်ထိ မနက်စောစောထနေဆဲသာဖြစ်နေသည်။

ရှရှင်းချန်၏မကြာသေးမီရက်ပိုင်းများအတွင်း အလုပ်ချိန်များက အလွန်ပင်ရှုပ်ထွေးနေခဲ့မှုကြောင့် စိတ်မောလူမောဖြစ်နေစေလျက် ပုံမှန်ထက်ပင် သူ့ရဲ့စွမ်းအားများ လျော့နည်းနေခဲ့သည်။သူအိပ်ရာပေါ်တွင်ထိုင်လိုက်ပြီးသူ့မျက်နှာရဲ့အနေအထားအားလက်ဖြင့် ထိတွေ့စမ်းသပ်လိုက်သည်။ထို့နောက် ခြေမဖြင့် စောင်များအား တွန်းထိုးကာဖယ်ရှားလိုက်ရင်းအိပ်ရာထဲမှထွက်လိုက်သည်။

ရှရှင်းချန်လုံးဝပင် အဝတ်ဗလာဖြင့်ရှိနေခဲ့သည်။ဒီရက်များတွင်ရှရှင်းချန် အိမ်မှာနေသမျှကာလပတ်လုံးအဝတ်ဗလာဖြင့်
အိပ်လေ့ရှိသည်။ယန်ရိုမင်အားဖက်ထားရင်း
အဝတ်ဗလာဖြင့်အိပ်ရခြင်းကတခြားသူရဲ့
ခန္ဓာကိုယ်ကသူနှင့်ပိုမိုနီးကပ်သည်ဟုသူခံစားရသည်မို့ဖြစ်သည်။

ရှရှင်းချန် အဝတ်ဝတ်ပြီးနောက်အခန်းထဲမှ ထွက်လာတဲ့အခါ,ယန်ရိုမင်နဲ့တုံတုံတို့ ထမင်းစားစားပွဲ၌ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ကာမနက်စာစားနေတာကို သူတွေ့လိုက်ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Où les histoires vivent. Découvrez maintenant