EP30(U+Z)

3.1K 451 18
                                    

.Ep30ဆုမတောင်းမိခဲ့သောတောင်းဆု တစ်ခု (U)

ထိုနေ့ ရိုက်ကူးခဲ့သည့် နောက်ဆုံးအခန်းက
ယွီဟိုင်ရန်နှင့်ဖန်ကျင့်ယွမ် အတူ
ညစာစားသည့် အခန်းပင်ဖြစ်သည်။

ဖန်ကျင့်ယွမ်သည် ယွီဟိုင်ရန်အတွက် ကုန်စုံစတိုးဆီမှ ဘီယာနှစ်ပုလင်းပါ ယူပေးထားခဲ့သည်။ယွီဟိုင်ရန်သည် အေပရွန်ကိုချွတ်လိုက်ရင်း ထမင်းစားပွဲအစွန်းကိုမှီလျက်ရပ်နေလိုက်သည်။ဖန်ကျင့်ယွမ်လက်ထဲမှ
ဘီယာနှစ်ပုလင်းအား ယူလိုက်ပြီး
စိတ်မြန် လက်မြန်ပင်သွားဖြင့် အဖုံးအား
ကိုက်ဖွင့်လိုက်သည်။

ဖန်ကျင့်ယွမ်အား ဖွင့်ထားသော ဘီယာတစ်ပုလင်းအားပေးကာ မေးလာသည်။

!မင်းသောက်ချင်လား!

ဖန်ကျင့်ယွမ်သည် ယွီဟိုင်ရန်လက်ထဲမှ
ပုလင်းအားကြည့်ကာအမြန်ပင်ခေါင်းငြိတ်ပြလိုက်သည်။

!ကျွန်တော် သောက်ချင်တယ် !

ယွီဟိုင်ရန်သည် ညနေထဲကပင် စျေးသိူ့
သီးသန့်သွားကာ ပုဇွန်၊ငါးများနှင့်အတူ လိုအပ်သော ပစ္စည်းများကို ဝယ်လာခဲ့လေသည်။ပြီးနောက် သီးသန့်ပင်
ဖန်ကျင့်ယွမ်သူ့အားစားချင်သည်ဟု ပူဆာထားသော ပုဇွန်ကြော်နှင့် ငါးပေါင်းအား
အထူးစပယ်ရှယ် လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ထမင်းစားနေစဥ်အတွင်း ယွီဟိုင်ရန်က ဖန်ကျင့်ယွမ်နှင့် စကားပြောနေရင်း ပုဇွန်များအား အကောင်တိုင်းပင် အခွံခွာ ပေးနေခဲ့ပြီး ဖန်ကျင့်ယွမ်၏ပန်းကန်ထဲသိူ့ ထည့်ပေးနေခဲ့သည်။ပြီးနောက် ဘီယာပုလင်းအား ယူကာ
ခွက်ထဲသို့ ပြည့်လုခမန်းထည့်ပြီးသောက်နေခဲ့ကြသည်။

ဖန်ကျင့်ယွမ်သည် တူဖြင့် ပန်းကန်ထဲမှ
အခွံခွာထားသောပုဇွန်အားညှပ်ယူလိုက်ပြီး
ပြောလိုက်သည်။

!ကျွန်တော့ကို ကလေးလို
လုပ်ပေးမနေပါနဲ့ခင်ဗျားလဲစား !

ယွီဟိုင်ရန်က ပြုံးလျက် ဘီယာ ပုလင်းအား
အောက်သိူ့ ချလိုက်ရင်း ပြောလာသည်။

!ကိုယ်မစားတော့ဘူး !

ပြောနေရင်းပင် နောက်ပုဇွန်တကောင်အား
အခွံခွာကာ ဖန်ကျင့်ယွမ် ပန်းကန်ထဲသိူ့
ထပ်ထည့်ပေးလိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now